Empathyဆိုတာကတော့ လူတွေအချင်းချင်းEmotionallyနားလည်ကြခြင်းဖြစ်ပြီး ကိုယ်ချင်းစာတရားကိုဆိုလိုတာပဲဖြစ်ပါတယ်။
ကိုယ်ချင်းစာတရားရှိချင်းဖြင့်တစ်ဦးကိုတစ်ယောက်နားလည်နိုင်ပြီး အချင်းချင်းဆက်ဆံရာမှာလည်း နားလည်မှုမတိုက်ဆိုင်ခြင်းတွေ အချင်းချင်းနားလည်မှုမရှိကြခြင်းတွေ ကင်းဝေးမှာပဲဖြစ်ပါတယ်။ အကယ်၍ Empathy ဆိုတာသာမရှိရင် ကျွန်တော်တို အချင်းချင်းကိုယ်ချင်းစာတရားခေါင်းပါးပြီး Relationshipတွေမှာဖြစ်ဖြစ်၊ Communication, Networking တွေမှာလဲ အဆင်မပြေဖြစ် ပြဿနာများစွာနဲ့ ပျက်စီးခြင်းကပ်ဆိုက်မှာပဲဖြစ်ပါတယ်။
Empathyရှိဖိုဆိုတာ တော်တော်ခက်ခဲတဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ Mind Control ရှိဖိုလိုပါတယ်။ ကျွန်တော်တို ထစ်ခနဲဒေါသထွက်သွားရင် တန်းပြီးသူများကိုအပြစ်တင်ပြောဆိုတာ ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေ ကိုတန်းပြီးမလုပ်ပဲနဲ့ ကိုယ့်စိတ်က ဒီလိုမျိုးလုပ်ခြင်းဖြင့် ကိစ္စရပ်တွေပြီးဆုံးသွားမှာလား (ဝါ) သူကရော ဒီလိုမျိုးဖြစ်ချင်ခဲ့လိုလား ဆိုပြီးကိုယ်ချင်းစာတရားလေး ထားပေးခြင်းပဲဖြစ်ပါတယ်။