Love

( မေတ္တာ )

Loveဆိုတာကတော့ မေတ္တာကိုပြောတာပဲဖြစ်ပါတယ်။ ဒီRelationshipတွေမှာ ချစ်တယ်ဆိုတာတွေမဟုတ်ပဲ မိဘမေတ္တာလိုမျိုး မေတ္တာစစ်မေတ္တာမှန်ကိုပြောတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး Friendshipတွေ Relationshipတွေကတော့ စွဲလမ်းခြင်း တွယ်ငြိခြင်းဆိုတဲ့ သံယောဇဉ်ကြိုးတွေပါဝင်ပါတယ်။ ကျွန်တော်တိုတွေဟာ လူသားချင်းချင်းမေတ္တာထားဖိုကလည်းအရေးကြီးပါတယ်။ သတ္တဝါတွေပေါ်မှာလဲမေတ္တာထားတတ်ရပါမယ်။ လူသားတွေ အပင်တွေ တိရစ္ဆာန်တွေ သဘာဝတရားကြီးနဲ့ ရှိရှိသမျှ သက်ရှိသက်မဲ့များက မေတ္တာလိုအပ်ပါတယ်။ မေတ္တာမရှိရင် ဘယ်အရာမှလည်းမအောင်မြင်နိုင်သလို မေတ္တာဟာ မီးကိုတောင်ငြိမ်းစေတယ်ဆိုတဲ့ရှေးဆိုရိုးတွေဟာလည်းပယ်ရှားလိုမရပါဘူး။ ကျွန်တော်တိုအတွက်ကမ္ဘာပေါ်မှာအရေးအကြီးဆုံးဟာ"မေတ္တာ"ပါပဲ။ ကျွန်တော်တိုပတ်ဝန်းကျင်ဟာလည်း ဒီမေတ္တာတွေနဲ့ပဲဖုံးလွှမ်းထားဖိုလိုပါတယ်၊ ဒါမှသာ ကျွန်တော်တိုရဲ့စိတ်အစဉ်မှာလည်းမေတ္တာကိန်းဝပ်နေမယ်။ ကျွန်တော်တို Soul ဟာလည်း ပိုပြီးသန့်စင်လာမှာပဲဖြစ်ပါတယ်။ မိဘမေတ္တာမခံယူရတဲ့ကလေးနဲ့ မိဘမေတ္တာအပြည့်အဝရရှိတဲ့ ကလေးနဲ့အများကြီးကွာပါတယ်။ ကျွန်တော်တိုရဲ့ပတ်ဝန်းကျင်မှာ မေတ္တာလည်းမရှိသလို Toxicတွေလဲ ပြည့်နေမယ်ဆိုရင် လူတစ်ယောက်ရဲ့စိတ်အစဉ်ဟာအမြဲရန်လို သူတစ်ပါးကိုလည်းမနာလိုမုန်းထားပြီး ဘဝတစ်ခုလုံးကို လူဆိုးလူမိုက်အဖြစ်ဖြတ်သန်းနေမှာဖြစ်ပြီး လူ့အဖွဲအစည်းကလည်းဝိုင်းပစ်ပယ်ထားတာဖြစ်ဖြစ် ဝိုင်းကျဉ်ထားကြမှာဖြစ်ပါတယ်။အခုကတော့ကျွန်တော်က Love(အချစ်)နဲ့ Love (မေတ္တာ) ကိုခွဲခြားပြမှာပဲဖြစ်ပါတယ်။

အချစ်ဆိုတဲ့Loveကတော့ ပူလောင်ခြင်းကိုဖြစ်စေတယ်။ ကျွန်တော်တိုပစ္စည်းတစ်ခုခုကို ဖြစ်ဖြစ် တစ်စုံတစ်ဦးကိုဖြစ်ဖြစ် ချစ်မိသွားတဲ့အခါမှာအခိုက်အတန့်တွေဟာအရမ်းလှမယ်လို ထင်နေပါလိမ့်မယ်။အစပိုင်းမှာပေါ့ ဒါပေမယ့် တစ်ဖြည်းဖြည်းချင်းသံယောဇဉ်တွေတွယ်ငြိလာတဲ့အခါမှာ ဒါတွေက Toxicအဖြစ်ပေါင်းလဲသွားပါတယ်။ ဆုံးရှုးရမှာကြောက်တာတွေ သူများတွေလာရောက်ထိပါးတာတွေ ကိုလက်မခံနိုင်တာတွေဖြစ်လာတဲ့အခါမှာ ကျွန်တော်တိုကိုယ်တိုင်ဟာ ကိုယ်ချစ်တဲ့အရာကိုရော ကိုယ်ကိုယ်တိုင်ကိုပါ အတောမသတ်နိုင်သော နာကျင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ အရရော ထိခိုက်စေပါတယ်။

မေတ္တာဆိုတဲ့ Love ကတော့အေးချမ်းပါတယ်။ ကျွန်တော်တို မြင်ပြီးတွေ့ပြီးသားလူတွေ မမြင်ရသေးတဲ့လူတွေ သတ္တဝါတွေကိုပါ အေးချမ်းပါစေ ချမ်းသာပါစေ အားလုံးကျန်းမာကြပါစေဆိုပြီး ကျွန်တော်တို နံနက်ပိုင်းအဖွားဖြစ်ဖြစ်အကြီးတွေဘုရားစာရွတ်ရင်ကြားကြမယ်လိုထင်ပါတယ်။ ဒါကတော့ အေးချမ်းစေပါတယ်။သံယောဇဉ်တွေ ဆုံးရှုးမှာကြောက်တဲ့စိတ်တွေ အတင်းရယူပိုင်ဆိုင်လိုမှုတွေမရှိပဲ သူတစ်ပါးကိုရော မိမိကိုယ်ကိုပါ အေးချမ်းစေတဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်။
Narcissism