Positive Thinking ကိုတော့ ပါဠိလိုမှာတော့မုဒိတာလိုအဓိပ္ပါယ် ဖွင့်ဆိုပါတယ်။တစ်ဦးကိုတစ်ဦးမုဒိတာပွားတာလိုလည်းပြောကြပါတယ်။ မြန်မာလိုဆိုရင်တော့ အကောင်းမြင်ခြင်း ဆိုပြီးအဓိပ္ပါယ်ရပါတယ်။ လူအများစုအတွက် အကောင်းမြင်ခြင်းစိတ်ဆိုတာ အလွန်အင်မတန်ကိုမှအရေးကြီးပါတယ်။ ဒါပေမယ့်သိသာအောင် Negative Thinkingကိုအရင်စပြောချင်ပါတယ်။ ဆိုတော့ကျွန်တော်တိုအရေးကြီးတဲ့ Communicationကနေစပြောရမယ်ဆိုရင် လူတစ်ယောက်ကိုတွေ့တယ် First Impressionမှာ ခင်ဗျားအနေနဲ့အဆင်မပြေဘူးလိုတွေးပြီး စစလာတာနဲ့ Judge လုပ်လိုက်တာပဲဖြစ်ပါတယ်။ ကျွန်တော်တိုတွေ First Impressionမှာဒီလူကဒီလိုတွေလုပ်နေတယ်ဆိုပြီး စိတ်ထဲမှာ မှတ်ထင်သွားတာပဲဖြစ်ပါတယ်။ အာ့တာဆိုရင်တော့ ဒီလူကို ကျွန်တော်တိုစိတ်ကသာ Fixed Mindsetဖြစ်နေရင် တစ်သက်လုံးဒီလူကလူကောင်းမဟုတ်ဘူးဆိုပြီးတွေးနေမှာအသေအချာပါပဲ။ ကျွန်တော်တိုတွေဟာ မြန်မာနိုင်ငံသားတွေပါ။ သိတဲ့အတိုင်းကျွန်တော်တိုရဲ့ပတ်ဝန်းကျင်မှာ သူတစ်ပါးကိုချောက်ချချင်တာတွေ မနာလိုမုန်းတီးစိတ်တွေကို ငယ်ငယ်ကတည်းကကောင်းကောင်းကြီး ခံစားဖူးမယ်လိုထင်ပါတယ်။ ဒါကတော့အမြင်ကွဲပြားနိုင်ပါတယ်။ပြောရမယ်ဆို သူများတွေဖြတ်သန်းလာရတဲ့နူးညံ့ညင်သာတဲ့ပန်းခင်းလမ်းကို ကျွန်တော်တိုမသိသလို ကျွန်တော်တိုဖြတ်သန်းလာတဲ့ ကြမ်းတမ်းတဲ့လမ်းမတွေကိုလည်း နားလည်နိုင်မှာမဟုတ်ပါဘူး။ ဆိုတော့ကာ ထားပါ။ ဒါကတော့Negative Thinkingပဲဖြစ်ပါတယ်။အကျိုးဆက်တွေကတော့ - ငါဒါကိုလုပ်နိုင်မှာမဟုတ်ဘူး ၊ဒီကောင်ဘာလုပ်နေတာလဲ၊ ဘာကြည့်တာလဲ ၊ အားနေရင်သူများကိုလိုက်ပြဿနာရှာနေတာပါ။
Positive Thinkingကတော့ရှင်းပါတယ်။ Negative Thinkingရဲ့ဆန့်ကျင်ဖက်ပါ။ သူများအောင်မြင်နေရင် မနာလိုစိတ်တွေမဖြစ်ပဲ ဪ သူအောင်မြင်နေတာကိုဝမ်းသာပေးလိုက်တာပါ။ နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုတွန်းအားပေးလိုရပါတယ်။ သူအောင်မြင်နေတာပဲ ငါလည်းအောင်မြင်ရမယ်ဆိုတဲ့စိတ်ကိုမွေးထုတ်လိုက်တာပဲဖြစ်ပါတယ်။ အပေါ်က Communicationမှာအရေးကြီးတာကိုပြောရမယ်ဆိုရင်တော့ Non-Judgementalဖြစ်ဖိုလိုပါမယ်။ လူဆိုတာ တစ်သမတ်တည်းမရှိပါဘူး။ အမြဲပြောင်းလဲနေတဲ့လူ့စိတ်ပါ။ဒါကို First Impressionမှာတင်အာ့လိုမျိုးသာ Judgeလုပ်လိုက်မယ်ဆိုရင် ခင်ဗျားအတွက်ပဲမကောင်းတာတွေဖြစ်လာပါလိမ့်မယ်။ ဉပမာအနေနဲ့ကတော့- ကိစ္စရပ်တစ်ခုခုကိုငါလုပ်နိုင်တယ် ငါကျော်ဖြတ်နိုင်တယ်ဆိုတဲ့စိတ်ကိုမွေးထုတ်တာပဲဖြစ်ပါတယ်။Benefitတွေကတော့ ပြဿနာတွေကို ကောင်းတဲ့အမြင်နဲ့ကြည့်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုတစ်အားမလုပ်နိုင်ဘူးဆိုတဲ့စိတ်တွေ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့စိတ်တွေကိုရှင်းလင်းပြီး ငါလုပ်နိုင်တယ်ဆိုတဲ့သတ္တိတွေမွေးလိုက်တာပဲဖြစ်ပါတယ်။မနာလိုစိတ်တွေကိုလည်းလျှော့ကျစေပါတယ်။ဒေါသမောဟတွေလည်းကင်းဝေးလာပါလိမ့်မယ်။