Multiple thinkingဆိုတာ အဘက်ဘက်မှတွေးခေါ်ခြင်းဆိုပြီးအဓိပ္ပါယ်ရါတယ်။ ကျွန်တော်တိုပြဿနာတစ်ခုခုဖြစ်တဲ့အချိန် (သို) Issueတိုင်းမှာ သူ့အမြင် ကိုယ့်အမြင်နဲ့အရှိတရားဆိုပြီးသုံးမျိုးရှိပါတယ်။ ဒါကိုကျွန်တော်တိုတစ်ဖက်တည်းကနေပဲကြည့်ပြီး Judge လုပ်လိုလည်းမရပါဘူး။ ဒါဆိုရင်တော့တစ်ဖက်ပိတ်တဲ့လူပဲဖြစ်သွားမှာပါ။ ကျွန်တော်တိုက Empathyရှိရှိ သူများတွေဘယ်လိုခံစားနေရတယ်ဆိုတာကိုပါ သူ့Perspectiveကနေပါကိုယ်တိုင်ဝင်ကြည့်ပေးရပါတယ်။ ဒါမှသာ ကျွန်တော်တို ပြဿနာတွေကို ဒေါသအလျှောက်ပဲဖြစ်ဖြစ် လွန်လွန်ကဲကဲဖြေရှင်းတာထက်စာရင် ပိုမိုကောင်းမွန်တဲ့ရလဒ်တစ်ခုကို ရရှိနိုင်မှာပါ။
ကိုယ့်ဘက်ကအမြင်သူ့ဘက်ကအမြင် ၊ ဒီကိစ္စကိုဒီလိုဖြေရှင်းလိုက်ရင် ထွက်လာမယ့်result ကိုထည့်တွက်ရပါမယ်။ စကားပြောခါနီးဖြစ်ဖြစ် ကိုယ်လက် အားဖြင့်ဖြစ်ဖြစ်တစ်ခုခုကိုတွေးတောခါနီးတိုင်းမှာ ဒီသုံးချက်ကိုထည့်တွက်ရပါမယ်။ ပြီးတော့ တစ်ခြားလူတွေဘယ်လိုမျိုး Judge လုပ်မလဲဆိုတာကိုပါထည့်တွက်ရပါမယ်။ ဘာလိုလဲဆိုတော့ မြန်မာနိုင်ငံမှာ အားနေရင်သူများကိုလိုက်Blame ပြီးဆွဲချဖိုအားနေတဲ့လူတွေများလိုပါ။ ဒါပေမယ့် ခင်ဗျားသာ တစ်ခြားလူဖြစ်နေရင်တော့ ကိုယ်နဲ့မဆိုင်ရင် လှည့်မကြည့်ပါနဲ့ ။ ပွဲဖြစ်တိုင်းပွဲထဲပါတာ မဆိုင်ပဲသွားပြီးကိုယ့်အချိန်တွေကိုဖြုန်းနေတာဟာ အင်မတန်ကိုမှ အကျိုးလည်းမရှိသလို ခင်ဗျားရဲ့တိုးတက်အောင်လုပ်ရမယ့်အချိန်တွေလည်း အလကားကုန်စေပါတယ်။ အဓိကကတော့ တစ်ခြားလူတွေကို လိုက်ပြီးJudgeလည်းမလုပ်ပါနဲ့ ကိုယ်ကိုယ်တိုင်လည်း မလိုအပ်ပဲ Energy Waste တွေမလုပ်ပါနဲ့ ဘာလိုလဲဆိုတော့ Time Management ထက် Energy Managementက ပိုအရေးကြီးပါတယ်။ အားလုံးပဲပြဿနာများကို မျှတွေးရင်းလူပီသနိုင်ကြပါစေ။