ခင်ဗျားက တောင်းစားနေတဲ့သူဖုန်းစားတစ်ယောက်ကို ပိုက်ဆံပေးဖူးလား၊ ဗိုက်ဆာနေတဲ့လူတစ်ဦးကို ထမင်းဖြစ်ဖြစ်ထမင်းဖြစ်ဖြစ် ကျွေးဖူးလား၊သတ္တဝါတွေကို လွှတ်ပေးလား ဒါမှမဟုတ် ကောင်းတာတစ်ခုခုကိုလုပ်ဖူးသလား။ လုပ်ဖူးတယ်ဆိုရင်တော့ ပီတိစိတ်ကလေးကို ခင်ဗျားခံစားဖူးမှာပါ။ဒီပီတိစိတ်ကလေးကတော့ အပြစ်ကင်းစင်တဲ့ နောင်တလည်းမရှိတဲ့ ဘယ်အချိန်တွေးတွေး ပျော်ရွှင်စေတဲ့ Pure Happinessတစ်ခုပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ Good deedsရဲ့အရေးပါပုံကိုသိလောက်ပါပြီ။
လူအများစုက စက္ကန့်တိုင်းမှာအလုပ်လုပ်နေကြတာဖြစ်တဲ့အတွက် ကောင်းမှုရောမကောင်းမှုရောကို အကုန်ရောထွေးပြီးလုပ်တတ်ကြပါတယ်။ ကောင်းမှုတွေကိုတော့သတိမမူမိကြပေမယ့် မကောင်းမှုတွေကြောင့်စိတ်မသန့်တာမျိုးဖြစ်တတ်ကြပါတယ်။ သလေးဒံပေါက်ထဲ မစင် စက်တစ်စက်ကျရင် ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်သလို ဘယ်သူမှဒီ ဒံပေါက် ကိုစားချင်တော့မှာမဟုတ်ပါဘူး။ ဒီလိုပဲစိတ်မှာလဲအညစ်အကြေးတစ်ခုခုရှိနေပြီဆိုရင် Pure Happinessရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မိုလို ကောင်းတာကို အချိန်တိုင်းလိုလို တတ်နိုင်သမျှလုပ်သင့်ပါတယ်။ ကောင်းတာလုပ်တဲ့နေရာမှာ အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ သဒ္ဓါပိုင်းနဲ့ သီလပိုင်းပဲဖြစ်ပါတယ်။ သဒ္ဓါဆိုတာကတော့ အလှူအတန်းပြုခြင်း ပေးကမ်းစွန့်ကြဲခြင်းတိုပဲဖြစ်ပါတယ်။ သီလပိုင်းကတော့ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းပဲဖြစ်ပါတယ်။
သဒ္ဓါပိုင်းမှာဆိုရင်တော့အထက်ဖော်ပြပါ Empathy,Compassion တိုပါဝင်ပါတယ်။လှူတန်းတယ်ဆိုတာကိုတော့လူအများစုက ပိုက်ဆံလှူတန်းတာကိုပဲ လက်ညှိးထိုးတတ်ကြပါတယ်။ စင်စစ်မှာတော့လှူတန်းနည်း သုံးနည်းရှိပါတယ်။ ကာယကံဖြင့်လှူတန်းခြင်း ဝစီကံဖြင့် လှူတန်းခြင်း မနောကံဖြင့်လှူတန်းခြင်းတိုပဲဖြစ်ပါတယ်။ ကာယကံဖြင့်လှူတန်းခြင်းမှာတော့ ပိုက်ဆံဖြင့်လှူတန်းခြင်းပါသလို လုပ်အားဖြင့်လှူတန်းခြင်း၊ပြုံးပြခြင်း စတဲ့မျက်နှာအမူအရာအားဖြင့်လှူတန်းခြင်း၊သိမ်မွေ့သောကိုယ်ဟန်အနေအထားဖြင့်လှူတန်းခြင်းတိုပါဝင်ပါတယ်။ ဝစီကံဖြင့်လှူတန်းခြင်းမှာတော့ ကောင်းသောစကားကိုဆိုခြင်းအကျိုးရှိသောစကားကိုဆိုခြင်း၊မှန်သောစကားကိုဆိုခြင်းနှင့်ချိုသာသိမ်မွေ့သောစကားကိုဆိုခြင်းတိုပါဝင်ပါတယ်။ မနောကံဖြင့်လှူတန်းခြင်းကတော့အလွန်အရေးကြီးပါတယ်။ကိုယ်နှင့် နှုတ်ဖြင့်လှူတန်းနေပါသော်လည်း စိတ်မပါပါက Pure Happinessကိုမရနိုင်ပါ။ စိတ်ဖြင့်လှူတန်းရာတွင် မနက်စောစောနိုးစဉ် Love မေတ္တာပိုခြင်း ၊ လှူပြီးသောအရာကိုပြန်၍ စိတ်အာရုံပြုခြင်း သဖြင့်ပါဝင်ပါတယ်။
သီလ ပိုင်းမှာတော့ ကိုယ်၊ နှုတ်၊မနောသုံးပါးကို မကောင်းမှုဘက်မရောက်အောင်ထိန်းချုပ်ခြင်းပါဝင်ပါတယ်။ ကိုယ်ပိုင်းမှာဆိုရင် သတ္တဝါတွေကို အန္တရာယ်မပြုခြင်း၊ သဘာဝတရားကြီးကိုမြတ်နိုးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းအား ရှောင်ကျဉ်ခြင်း တိုဖြစ်ပါတယ်။ နှုတ်မှာဆိုရင် စကားပြောတဲ့အခါမှာ ဒီစကားဟာမှန်သလား အကျိုးရောရှိသလား၊ စသည်ဖြင့် ပြန်လည်ဆန်းစစ်ရပါမယ်။ မနောပိုင်းမှာပို၍အရေးကြီးပါတယ်။ ကိုယ်နဲ့နှုတ် ကမပြုလုပ်ခင် ဒီအရာက မှန်သလား နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့်အလုပ်လား အကျိုးယုတ်စေမယ့်အလုပ်လား။ စသည်ဖြင့် ဝေဖန်ပိုင်းခြားရပါမယ်။
ဒီ Good Deedsတွေကိုကောင်းကောင်းမွန်မွန်လုပ်မယ်ဆိုရင် မိမိရဲ့စိတ်ကပိုပြီးသန့်စင်လာပြီး Pure Happinessနဲ့ Mind control ကိုပါရရှိနိုင်မှာဖြစ်ပါတယ်။