Journaling

( ကိုယ့်စိတ်ကိုယ်ဆန်းစစ်ခြင်း )

Journalingသို့မဟုတ် Self reflectionကတော့ စိတ်ပိုင်းဆိုင်ရာ အရ ကိုယ့်ကိုယ်ကို ဘယ်လိုတိုးတက်လာတယ်ဆိုတာတွေ ကောင်းတာတွေလုပ်သလား ဆိုးတာတွေချည်းလုပ်မိနေလားဆိုတာ ကို ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းပဲဖြစ်ပါတယ်။ နေ့တစ်နေ့တာ အိပ်ရာဝင်ခါနီး ငါဒီနေ့ဘာလုပ်ခဲ့သလဲ။ ဘယ်သူ့ကိုဘယ်လိုကူညီခဲ့သလဲစသဖြင့် ကောင်းမှုတွေရဲ့ကောင်းကျိုးကို သိုမဟုတ် ဘာတွေဆိုးတာလုပ်မိခဲ့သလဲ။စသဖြင့် မကောင်းမှုတွေရဲ့ ဆိုးကျိုးကို ပြန်လည်ဆန်းစစ်ခြင်းပဲဖြစ်ပါတယ်။ ကောင်းမှုတွေအကြောင်းတွေးတောခြင်းဖြင့်ပိုကောင်းတာတွေလုပ်ချင်လာတတ်ပါတယ်။ ပိုပြီး ကိုယ်ချင်းစာတတ်လာတယ်။ Pure Happinessကိုလိုချင်လာတယ်။ အကျိုးရှိတာတွေပိုလုပ်ချင်လာစေတဲ့ Good Motivationတွေဖြစ်ပေါ်လာပါတယ်။ မကောင်းမှုတွေရဲ့ဆိုးကျိုးကိုတွေးခြင်းဖြင့် စိတ်ရဲ့အညစ်အကြေးတွေကိုလည်းကောင်း ဖြစ်ပေါ်လာတဲ့မကောင်းတဲ့အကျိုးဆက်တွေ မလိုချင်တဲ့စိတ်တွေဖြစ်ပေါ်လာပါတယ်။ မကောင်းမှုကိုရှောင်ရှားတတ်လာပါတယ်။ အကျိုးမရှိတာတွေကိုမလုပ်ပဲနဲ့ အကျိုးရှိတာတွေကိုပဲ နှစ်သက်လာပါတယ်။ Spritual အရကောင်းမွန်တဲ့စိတ်တွေကိုရရှိစေနိုင်ပါတယ်။ ဒါကတော့Journalingအကြောင်းပဲဖြစ်ပါတယ်။

Narcissism