Mind Focusingကတော့ Mind Controling မှာအရေးကြီးတဲ့အပိုင်းအဖြစ်ပါဝင်ပါတယ်။ Mind Focusing ကိုတော့ကမ္ဘာလုံးဆိုင်ရာ ဘာသာတိုင်းလိုလိုလက်ခံထားကြပါတယ်။ အနောက်တိုင်းမှာဆိုရင်လည်း Meditation ဗုဒ္ဓဘာသာမှာဆိုရင် သမထ ဝိပဿနာ တရားရှုမှတ်ခြင်း၊ ဟိန္ဒူမှာဆို ယောဂကျင့်စဉ် ၊ စသည်ဖြင့်နည်းမျိုးစုံဖြင့် Mind Controling ကိုပြုလုပ်ကြပါတယ်။ အများစုသော ကျင့်စဉ်ကတော့ သမထ လမ်းစဉ်ပဲဖြစ်ပါတယ်။ သမထ ရဲ့အဓိပ္ပါယ်ကတော့ စိတ်ကိုအာရုံတစ်ခု၌ ငြိမ်သက်စေနေခြင်း သိုမဟုတ် အာရုံတစ်ခု၌ ပို့ထားခြင်း လိုအဓိပ္ပါယ်ရပါတယ်။ ဝိပဿနာအကြောင်းပါသိလိုတယ် ဆိုရင် Contact Us က Email မှာဆက်သွယ်ိနုင်ပါတယ်။ Mind focusingလုပ်မယ်ဆိုရင် ပထမဆုံးငြိမ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခုကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်။ အရိပ်ရပြီး အေးသောနေရာ၊ မပူလွန်းသောနေရာ ၊စိတ်အပန်းပြေစေမည့်နေရာကို ရွေးချယ်ရပါမယ်။ အပင်ရင်း အမိုးအောက်စသည်ဖြင့် ရွေးချယ်နိုင်ပြီး တင်ပလ္လင်ခွေဖြစ်စေ ခြေထောက်နှစ်ဖက်ကိုမထပ်ပဲ ကျဲကျဲလေး ထိုင်ရပါမယ်။ပြီးရင်တော့ ခါးကိုမမတ်လွန်း မရော့လွန်း မတင်းလွန်း မကိုင်းလွန်း သက်သက်သာသာထားရပါမယ်။ပကတိအနေအထားအတိုင်းထားခြင်းကို အကြံပေးပါတယ်။ ပြီးရင်တော့စိတ်ကို အားထား နားထား ခိုင်းရပါမယ်။ နောက်မှ မိမိကြိုက်ရာ ဝင်လေထွက်လေဖြစ်စေ အရောင်ကမ္မဌာန်းဖြစ်စေ ဓါတ်ကမ္မဌာန်းဖြစ်စေ ကြိုက်နှစ်သက်ရာအာရုံကိုယူ၍ ကျင့်နိုင်ပါသည်။ မှတ်ယူတဲ့အခါ Additional Mindပေါ်မလာအောင် Original ပေါ်တာကိုစောင့်ဖမ်းပြီး မှတ်ယူရပါမယ်။ Mind focusing ရဲ့အကျိုးရလဒ်ကတော့ စိတ်တည်ငြိမ်စေခြင်း၊ အေးချမ်းစေခြင်း၊ Mind ရဲ့conditionကို ရှင်းလင်းစွာမြင်စေခြင်း၊ သမာဓိအား တက်လာတဲ့အခါမှာ စိတ်တည်ငြိမ်လာတာနဲ့အမျှ ကိုယ်စိတ်နှစ်ဖြာ ပေါ့ပါးပြီး Pure Happiness ရစေခြင်းပဲဖြစ်ပါတယ်။