အတ္တပေမဝါဒကို မိမိကိုယ်ကိုနှစ်သက္မြတ်နိုးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ဒီနာမည်ဟာမိမိကိုယ့်ကိုပဲချစ်ခင်မြတ်နိုးတဲ့ ဒဏ္ဍာရီထဲက Narcissusဆိုတဲ့လူနာမည်ကနေလာပါတယ်။အတ္တပေမဝါဒဆိုတာ တစ်ကိုယ်ကောင်းဆန်လွန်းအားကြီးတဲ့သူတွေကိုခေါ်တဲ့နေရာမှာ အသုံးပြုပါတယ်။အတ္တပေမဝါဒဟာ များသောအားဖြင့်ခံစားပိုင်ခွင့်ရှိခြင်းနှင့် မိမိကိုယ်ကိုအထင်ကြီးခြင်းဆိုတဲ့ ခံစားချက်တွေနဲ့တွဲဖက်နေပါတယ်။ဒီလိုလူမျိုးတွေဟာ လူတွေရဲ့အာရုံစိုက်ခံရမှုဗဟိုချက်ကိုပဲအမြဲရှာဖွေနေပြီး တခြားသူတွေကိုတော့သူတို့ရဲ့အမိန့်အာဏာအတိုင်းဆောင်ရွက်စေတတ်ပါတယ်။အတ္တပေမဝါဒရဲ့အခြေခံကတော့ အခြားသူတွေနဲ့ သူတို့နဲ့ဆက်ဆံရေးပြေပြစ်မှုကိုလုံးဝဂရုမစိုက်တာပါ။သူတို့လိုချင်တာက အခြားသူတွေကသူတို့လိုအင်အတိုင်းဆောင်ရွက်ပေးရမယ်။ဒါဆိုသူတို့အတွက်ပြည့်စုံပါပြီ။ပိုပြီးကျွမ်းကျင်တဲ့ အတ္တပေမဝါဒီတွေကတော့ အခြားသူတွေသူတို့ဆန္ဒအတိုင်း လိုက်လုပ်နိုင်အောင်နည်းစနစ်မျိုးစုံအသုံးပြုကြပါတယ်။ဒီလိုအတ္တဝါဒီအမျိုးအစားတွေဟာတခါတရံမှာ နှစ်လိုဖွယ်ရှိတတ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်က တခြားသူတွေသူတို့အပေါ်ယုံကြည်လေးစားနေဖို့ဖြစ်ပါတယ်။သူတို့ကိုလေးစားနေပြီး သူတို့ဘက်ကမေတ္တာတရားကိုတောက်လျောက်ပြနိုင်နေသ၍ သူတို့ကလူတွေနဲ့အဆင်ပြေနေပါတယ်။ဥပမာအနေနဲ့ အတ္တဝါဒီသမားတွေဟာ သူတို့လုပ်တဲ့အလုပ်အသိအမှတ်မပြုခံရတဲ့အချိန်မှာဒေါသူပုန်ထတတ်ပါတယ်။ဒီဒေါသက သူတို့အကောင်းဆုံးအားထုတ်ခဲ့တယ် ဆိုတဲ့အချိန်မှာနှစ်ဆတိုးပြီးဖြစ်ပေါ်ပါတယ်။သူတို့က ထင်ပေါ်ကျော်ကြားမှုကိုနှစ်သက်ကြပြီး အသိအမှတ်ပြုခံရဖို့နဲ့ မေတ္တာတရားရရှိဖို့ နောက်တစ်ဆင့်ကိုတက်လှမ်းတတ်ကြပါတယ်။
Narcissimတွေရဲ့ အကြီးမားဆုံးပြသနာကတော့ သူတို့က သူတို့ရဲ့မူမမှန်မှုကို မျိုသိပ်ထားကြတဲ့အချက်ဖြစ်ပါတယ်။လူတိုင်းက သူတို့လိုအင်အတိုင်းလုပ်ပေးရမယ်ဆိုတဲ့ ခံစားချက်ရှိတဲ့အတွက် သူတို့ဟာ သူတို့အနားကလူတိုင်း၊အရာဝတ္ထုတိုင်းကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။အကျိုးဆက်အနေနဲ့ သူတို့ပတ်ဝန်းကျင်ကိုထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားပြီဆိုရင်တော့ ထိန်းချုပ်မှုအပြည့်အဝရဖို့အတွက် လိုအပ်တဲ့နည်းလမ်းမှန်သမျှပြုလုပ်ပါတော့တယ်။သူတို့သွားရာလမ်းတစ်လျှောက်မှာ ရှိနေတဲ့သူတွေကိုဖျက်ဆီးဖယ်ရှားဖို့လိုတယ်ဆိုရင်လဲ သူတို့လုပ်ရပ်ကြောင့် အခြားသူတွေအပေါ်ကျရောက်လာမဲ့ အကျိုးသက်ရောက္မှုတွေကိုစဥ္းစားမနေပါပါဘူး။ Narcissismတစ်ယောက်ဟာ ကလေးဘဝထဲက စတင်ဖြစ်ပေါ်ပါတယ်။များသောအားဖြင့် လျစ်လျူရှုခံရမှုနဲ့ အနိုင်ကျင့်ခံရမှုကြောင့် ဖြစ်နိုင်ပါတယ်။ယေဘုယျအားဖြင့် ဖယ်ကြဥ္ခံရ လျစ်လျူရှုခံရတဲ့ ကလေးဘဝကိုဖြတ်သန်းလာရမယ်ဆိုရင်တော့ သူတို့မှာမေတ္တာတရား ကင်းမဲ့မှုနဲ့ ထိန်းချုပ်နိုင်စွမ်းအားနဲ့ ပတ်သက်တာတွေဖြစ်ပေါ်ပါတယ်။လူကြီးဘဝမှာတော့ လူ့အသိုင်းအဝိုင်းနဲ့ရောယှက်နေထိုင်ခြင်းမှာ ပြသနာဖြစ်လာပြီး အထီးကျန်ဆန်ခြင်းကိုဦးတည်သွားစေပါတယ်။