Machiavellinism (တရားသည်ဖြစ်စေ၊မတရားသည်ဖြစ်စေ မိမိရည်ရွယ်ချက်အောင်မြင်ရေးကို ဦးတည်သောဝါဒ) ဆိုတာ ၁၆ရာစုက အီတလီနိုင်ငံရေးအတွေးအခေါ်ပညာရှင်နှင့် မဟာဗျူဟာချမှတ်သူ Nikolo Machiavelli(နီကိုလို မက္ခီရာဗယ်လီ)ရဲ့သင်ကြားပြသမှုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။သူ့ရဲ့အကျော်ကြားဆုံးဖြစ်တဲ့ မင်းသားကျမ်း(The prince)ဟာ ယနေ့ခေတ်နိုင်ငံရေးသိပ္ပံကျောင်းသားတွေရဲ့ လက်ဆွဲဖြစ်ပါတယ်။ကျမ်းငယ်တစ်ခုဖြစ်ပေမဲ့ ရက်စက္မှုကို အားပေးထားပြီး လူ့ကျင့်ဝတ်တွေနဲ့ ဖယ်ကျဥ္နေလို့ ဝေဖန်မှုတော်တော်ခံရတဲ့ ကျမ်းလဲဖြစ်ပါတယ်။"သွေးခွဲခြင်းဖြင့် အနိုင်ယူပါ"၊"အချစ်ခံရတာထက် ကြောက်ရွံခြင်းခံရတာပိုကောင်းတယ်"စတဲ့ နာမည်ကျော်စကားတွေဟာ ဒီစာအုပ်ထဲက ကောက်နုတ်ထားတာတွေဖြစ်ပါတယ်။ဒီအယူအဆတွေကနေပြီး စိတ်ပညာရှင်တွေက ကလိမ်ကကျစ်ကျပြီး အပိုင်ကြံစည်တတ်တဲ့ ကိုယ်ကျင့်စရိုက်ရှိသူတွေကို မက္ခီယာဗယ်လီဝါဒီ(Machiavellinism)လို့ခေါ်ဝေါ်ခဲ့ကြပါတယ်။ဥာဏ်ရည်အလွန်ထက္မြက်သူတွေရဲ့လုပ်နည်းလုပ်ဟန်တွေဟာ မက္ခီယာဗယ်လီရဲ့ နည်းလမ်းတွေဖြစ်နေတတ်ပါတယ်။သူတို့ရဲ့နည်းလမ်းတွေဟာ အရမ်းစနစ်တကျရှိတတ်ပြီး အဆိုးဝါးဆုံးကိစ္စတွေမှာ သူတို့လိုချင်တာမရမချင်း ဘယ်အရာကမှမရပ်တန့်နိုင်ပဲ ရက်စက်စွာပြုမူတတ်ကြပါတယ်။မက္ခီယာဗယ်လီဝါဒီတွေဟာ လူတွေကိုတန်ဖိုးမရှိသူတွေ၊သူတို့အသုံးချခံတွေအဖြစ်ပဲ မြင်တတ်ကြပါတယ်။သူတို့ရည်ရွယ်ချက်အတွက်အသုံးမဝင်တော့ဘူးဆိုရင်တော့ လူတွေရဲ့ခံစားချက်ကိုဂရုမစိုက်ပဲ ဖယ်ရှားပစ်တတ်ကြပါတယ်။
စွမ်းရည်ပြည့်ဝတဲ့ manipulatorတွေရဲ့ အကျင့်စရိုက္မှာ
မက္ခီယာဗယ်လီဝါဒတွေလွှမ်းမိုးနေပါတယ်။သင်က ဒီလိုလူမျိုးနဲ့ဆက်ဆံနေရပြီလို့သံသယရှိရင်တော့ သင်ဟာတစ်စတစ်စ အားအင်ဆုတ်ယုတ်လာတဲ့ တိုက်ပွဲမှာပါဝင်နေရပါပြီ။ဘာလို့ဆို ဒီလိုလူမျိူးတွေဟာ လွယ်လွယ်နဲ့ နောက်ဆုတ်မှာမဟုတ်လို့ပါ။မက္ခီယာဗယ်လီဝါဒီတွေ ဘယ်လောက်ထိဝေးဝေးသွားနိုင်မလဲ ဆိုတဲ့အကန့်အသတ်က သူတို့ကိုsupportပေးနေတဲ့ ကွန်ရက် သို့မဟုတ် သူ့ရဲ့ဉာဏ်ရည်အပေါ်မူတည်ပါတယ်။ `ရိုးသားပြီးပွင့်လင်းတဲ့ ခေါင်းဆောင်တွေထက် ပြိုင်ဘက်အပေါ်မာယာပရိယာယ် တည်ကြက်တည်ကစားတတ်သူတွေကသာအမြဲအောင်နိုင်သူတွေဖြစ်တာပါ´´ {အီတလီနိုင်ငံရေးအတွေးအခေါ်ပညာရှင်နှင့် မဟာဗျူဟာချမှတ်သူ Nikolo Machiavelli}