Psychopathy

( စိတ်ခံစားမှုကင်းမဲ့ခြင်း )

အကျင့်စရိုက်ဆိုးရဲ့ တတိယအမျိုးအစားကတော့ စိတ်ခံစားမှုကင်းမဲ့ခြင်း(psychopathy)ပဲဖြစ်ပါတယ်။ဒီစကားလုံးရဲ့ ယေဘုယျအဓိပ္ပာယ်ကတော့ စိတ်ခံစားလှုပ်ရှားမှုကင်းမဲ့ခြင်းဖြစ်ပါတယ်။

Empathy void

များသောအားဖြင့်ကတော့ စိတ်ခံစားမှုကင်းမဲ့သူတွေဟာ ကိုယ်ချင်းစာတရားကိုမခံစားနိုင်ကြပါဘူး။ဒါကြောင့်မိုလို့သူတို့လုပ်လိုက်တဲ့အပြုအမူတွေဟာ တခြားသူတစ်ယောက်ကိုနာကျင်စေတယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။စိတ်ခံစားချက်ကင်းမဲ့သူတွေဟာ သူတို့ဦးနှောက်ကမွေးရာပါ စိတ်ဝေဒနာတွေနဲ့ဒွန်တွဲနေပါတယ်။ဒီလိုဖြစ်လာပြီဆိုရင် ဦးနှောက်ထဲက ဓါတုဖြစ်စဥ်တွေမဖြစ်ပေါ်တော့ပါဘူး။ရလဒ်အနေနဲ့ စိတ်ခံစားချက်တိုင်းအပေါ်(void)ဗလာဖြစ်နေတဲ့ တုံ့ပြန်မှုတွေဆီဦးတည်သွားစေပါတယ်။

Cold Intelligence

စိတ်နဲ့ကိုယ်မကပ်ခြင်းဟာကလေးဘဝမှာကတည်းကအချိန်ကြာမြင့်စွာခံစားခဲ့ရတဲ့အနိုင်ကျင့်မှုတွေ၊စိတ်ဒဏ်ရာတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒီလိုအရာတွေကနေတစ်ဆင့် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေကနေ သူတို့ရဲ့ခံစားချက်ကိုဖယ်ထုတ်လိုက်တဲ့အခြေအနေမျိုးကိုဦးတည်သွားစေပါတယ်။

Guilt and morality

သူတို့ကြောင့်ထိခိုက်သွားတဲ့သူတွေကိုဂရုမစိုက်တဲ့အတွက်သူတို့လုပ်ရပ်အပေါ်မှာနောင်တဆိုတာမရကြပါဘူး။ဒါကနေတစ်ဆင့်စကားလုံးနဲ့ဖော်ပြဖို့ခက်ခဲလောက်အောင်ကြောက်စရာလုပ်ရပ်တွေ၊လမ်းဆုံးရောက်စေတဲ့ဩဇာအာဏာကိုသနားညှာတာမှုကင်းမဲါစွာအသုံးချမှုတွေဆီ ဦးတည်သွားစေပါတယ်။ သင်ဟာစိတ်ခံစားမှုကင်းမဲ့သူတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေထိုင်သူဖြစ်ရင်တော့ သူတို့ဘာတွေစွမ်းဆောင်နိုင်တယ်ဆိုတာ သိဖို့ကြိုးစားသင့်ပါတယ်။ဒီလိုလူမျိုးတွေဟာ ဘယ်လိုအရာမျိုးကိုမဆို ဆောင်ရွက်နိုင်စွမ်း ရှိကြပါတယ်။သူတို့မှာကောက်ကျစ်ယုတ်မာတဲ့ စိတ်သဘောထားမရှိရင်တောင် သူတို့လုပ်သမျှအရာရာတိုင်းဟာ သူတို့ပျော်ရွှင်ဖို့ကလွဲပြီးမရှိပါဘူး။ဒီလိုအခြေအနေတွေဟာ မွေးရာပါဗီဇကြောင့်ဖြစ်ပြီး ကုရာနတ္ထိဆေးမရှိပါဘူး။

Narcissism