ကျွန်တော်တို့ Mind Control တွေ အကြောင်းပြောပြီဆိုရင်တော့ အရင်ဆုံးပြောရမှာက Brainwash တာဖြစ်ပါတယ်။ Brainwashing ဆိုတာက Social Influence method တစ်ခုဖြစ်ပါတယ်။ ပြောရရင် ကိုယ်အယူအဆ အတွေးအခေါ် တွေ ကို အခြားအတွေးအခေါ်အယူအဆအသစ်တွေနဲ့ ရိုက်သွင်းခြင်းကို ဆိုလိုပါတယ် ဒါလူပိန်းနည်းရှင်းပြတာပါ။ Social Influence method တွေက တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ ယုံကြည်မှု ၊ အပြုအမှု နဲ့ စိတ်သဘောထားတွေကို ပြောင်းလဲရန် အသုံးချနည်း တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့အား ဒီ Social Influence method တွေကိုသုံးတဲ့လူတွေကို Brain washer ( ဦးနှောက်ဆေးသူ ) လို့ခေါ်ပါတယ်။
သူတို့က Victim ကို အသေအချာ လေး ဆေကြော သန့်စင်ပေးပြီး နေ့ရက်တိုင်း ကို အဲ့အတွေးအခေါ်ကို ကြီးအထိ ပါသွားအောင်လုပ်ကြပါတယ်။ ဒါက ကျွန်တော်တို့ ကြီးပြင်လာတဲ့ ပတ်၀န်းကျင်ပေါ်မူတည်ပြီးတော့ ကိုယ်ဘယ်လောက်ထိ Brainwash ခံလာရလဲဆိုတာပေါ်မူတည်ပါတယ်။ မိဘတွေ ၊ ကိုယ်တက်နေတဲ့ကျောင်းတွေက ဆရာမတွေက ကိုယ်ခေါင်းထဲကိုရိုက်သွင်းလိုက်တဲ့စကား တွေက အဲ့အရွယ်အဲ့အချိန် ကဆိုတော့ တစ်သက်လုံးစွဲသွားတာ မျိုးတွေရှိပါတယ် ဒါကျွန်တော်ဥပမာ ပေးစရာလိုလောက်မယ်မထင်ဘူး... ။ ဒီ Brainwasher တစ်ယောက်ရဲ့လုပ်နိုင်စွမ်းကို ဘယ်နေရာ တွေမှာ မြင်ရမလဲ ဆိုရင် ဘာသာရေးနဲ့ အကျဉ်းထောင်တွေ ၊ နိုင်ငံရေး ၊ ဟောပြေပွဲ တွေ မှာ ဖြစ်ပါတယ်။ လုပ်နိုင်စွမ်းကကော ကျွန်တော်တို့ လုပ်တဲ့ Action တွေကို Control နိုင်ပါတယ် ။ ဒီမှာ ကျွန်တော်တို့ Psychologist တွေ Brain washing ကို အဓိပ္ပာယ်နောက်တစ်မျိုး ဖွင့်ဆို သေးတယ်ဗျ။ အဲ့တာက “ လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ အား မပါဘဲ အရာတစ်ခုကို သက်၀င်ယုံကြည်မှု ၊ အယူစွဲ တွေကို ပြောင်းလဲ ရန် Brainwashing ကိုသုံးပါတယ်။ ဆိုတော့ ဒီလောက်ဆို Brainwashing က အဆိုးဘက်ကြီးလဲမဟုတ်ပါဘူး။ ဒီလောက်ဆိုရင် နားလည်ပြီထင်တယ်။ Robert Jay Lifton ဒီလူက စိတ်ရောဂါကုပညာရှင် တစ်ယောက် ဒီလူက 1950 ၀န်းကျင် မှာ သူက တရုတ် - ကိုရီးယား စစ်ပွဲအတွင်းမှာ ထောင်သားတွေဆီက Brainwashing နည်းလမ်း ကို သင်ယူလေ့လာခဲ့တယ်။ နောက်ပြီး သူက မွေးရပ်မြေ ပြန်ရောက်တော့ သူလေ့လာသင်ယူခဲ့တာတွေနဲ့ပက်သက်ပြီး “ A study of brainwashig in China ” ဆိုပြီး စာအုပ်ထုတ်ခဲ့ပါသေးတယ်။ သူလေ့လာ သလောက် ဒီ Brainwashing ဖြစ်စဉ်တစ်ခုပြီးမြှောက်ဖို့ အဆင့် 10 ဆင့်လိုအပ်ပါတယ်။