Mind Control ထဲက ဒုတိယမြှောက် နည်းပညာရပ်တစ်ခုဖြစ်ပြီးတော့ ခေတ်အဆက်ဆက်မှာ ရောဂါကုတာ ၊ အပနှင်တာ ၊ အလိမ်ဖော်တာကအစ ၊ စိတ်ကျန်းမာရေးအထိပါ ကိုင်တွယ်နိုင်တဲ့ Technique တစ်ခုဖြစ်ပါတယ်။ Subconscious mind လို့ခေါ်တဲ့ မသိစိတ်ဆိုတဲ့ နယ်ပယ်ကို ၀င်ရောက်ပြီး Mind Control လုပ်တဲ့ နည်းစနစ်တစ်ခုဖြစ်ပြီး Mind Control လုပ်တဲ့ နည်းတွေမှာ Powerful ဖြစ်ပြီး လက်တွေ့အသုံးချဖို့ခက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်မှာ သိစိတ်ထက် မသိစိတ် က ပိုပြီးတော့ အားကြီးပါတယ်။ ဒါကြောင့် ကိုယ်အနေနဲ့ ဆေးလိပ်စွဲနေတာကို သိစိတ်က သိပြီး ဖြတ်ချင်နေပေ့မယ့် မသိစိတ်က စွဲလမ်းမှုတစ်ခုဖြစ်နေတဲ့အခါ ဖြတ်ရခက်တာမျိုးပါ။ အရင်ဆုံး စိတ်ညို့တော့မယ်ဆိုရင် လူတစ်ယောက်ကို ဖြေလျှော့ခြင်းဆိုတဲ့အခြေအခံအဆင့်နဲ့ အိပ်ငွေ့အရင်ချရပြီးတော့မှ စိတ်ညို့ ကုသခြင်း ကုထုံးတွေ နဲ့ ကျန်တဲ့ သူတို့ လုပ်ချင်တာလုပ်တာများတယ်။ ဒါက ဘာကြောင့်လဲ ရှင်းပြပါမယ်..
ကျွန်တော်တို့ အိပ်ပျော်သွားမှသာ( Conscious mind ) သိစိတ် က အနားယူသွားမှာ ဖြစ်ပြီး subconscious mind က အလုပ်စလုပ်ပါတယ်။ ဒါကြောင့်ဘဲ ကျွန်တော်တို့က အိမ်မက် တွေကို မက်ကြတာဘဲဖြစ်ပါတယ်။ ဒါမဲ့ Hypnosis ကိုအသုံးချဖို့ဆိုရင် သိစိတ်နဲ့ မသိစိတ်ရဲ့ကြားခံနယ် တစ်ခုမှာ လုပ်မှသာ အဆင်ပြေပါတယ်။ ပြောရရင် ခံရတဲ့လူက လုံး၀ကြီး အိပ်ပျော်သွားတာမျိုးမဟုတ်သေးပါဘူး .. သိစိတ် နည်းနည်းတော့ ရှိရပါ့မယ်... ဒါပေ့မဲ့ အဲ့သိစိတ်ကလဲ အဖြစ်အပျက်တွေကို မှတ်ယူနိုင်စွမ်းတော့ မရှိလှပါဘူး ။ ဆိုတော့ ဘာမှမှတ်မိမှာမဟုတ်ပါဘူး။ ( တစ်ချို့ပညာရှင်တွေကလဲ လုံး၀အိပ်ပျော်အောင် လုပ်ကြပြီးမှ လုပ်တယ်ဆို ပေ့မယ့် အဲ့တာက အန္တရာယ်များပါတယ် ) ဆိုတော့ ဒီလို အလွှာပါးပါးလေးတွေကို ကိုင်ရတဲ့ hypnotist တွေက တာ၀န်အလွန်ကြီးလှပါတယ်။ သေချာတဲ့ကျွမ်းကျင်မှု မရှိရင် မမျှော့်လင့်ထားတဲ့အရာ တွေဖြစ်လာသလို စိတ်နဲ့ပက်သက်ပြီး ပိုကြီးတဲ့ဒဏ်ရာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ပတ်၀န်းကျင်မှာတော့ hypnotist နာမည်ခံယူထားတဲ့လူတွေကတော့ ကောင်းတဲ့လူတွေများပေ့မယ့် နာမည်မခံယူထားဘဲ ဒီပညာကို တတ်ထားတဲ့လူတွေကတော့ ဒီပညာကို သုံးပြီး Mind Control လုပ်လို့ရပါတယ်။ ပြောရရင် အဲလိုလူတွေရဲ့ နည်းစနစ်ကို မိရင်တော့ သေချာပါတယ်... Hypnotist တွေဆီဘဲ ပြန်ရောက်လာမှာပါ။ ဒါကသံသရာလည်နေသလိုဖြစ်နေတာပါ။