Persuasion

( စည်းရုံးခြင်း )

Persuasion မှာ ကျွန်တော်တို့အဓိပ္ပာယ်ဖွင့်ဆိူ ချက်တွေကအများကြီးရှိပါတယ်။ တကယ်တော့ လူတစ်ယောက်ကို လက်ခံချင်လာအောင် ပြောနိုင်စွမ်း ၊ အရာတစ်ခုကို ဗန်းပြပြီး ဆွဲဆောင်နိုင်စွမ်း ၊ စည်းရိုးသိမ်းသွင်းနိုင်စွမ်းကိုဆိုလိုပါတယ်။ ပြောရရင် ကျွန်တော်တို့နေစဉ်မြင်နေရတဲ့ ကြေငြာ ထဲ က ၀ယ်ချင်စရာ ပုံကြီးတွေကိုပြပြီး ဒီအရာကို ၀ယ်အောင် လုပ်ထားတဲ့ ကြေငြာတွေ ၊ ပါတီတွေမှာဆိုရင်‌လဲ သူတို့ပါတီ‌ကို မဲပေးအောင် စည်းရုံးတာတွေ ၊ တိုက်တွန်းတာ ဒီအရာတွေအားလုံးက Persuasion နည်းလမ်းတွေဖြစ်ပါတယ်။ Persuasion ဆိုတာက Mind control လုပ်တဲ့ နည်းပညာရဲ့ အခြေခံတွေထဲက တစ်ခုဖြစ်ပြီးတော့ လူတစ်ယောက်ရဲ့စိတ်ကို ဒီပစ္စည်းဒီအရာတစ်ခုကို လုပ်လာအောင် ထိန်းချုပ်နိုင်တဲ့ ပညာရပ်တစ်ခုပါ။ Persuasion က ဘယ်လောက်ဘဲ အဓိပ္ပာယ်တွေကွဲပြားနေပါစေ .. ၊ သူရဲ့ဆိုလိုချက်က Victim ( သားကောင် ) ရဲ့ စိတ်ထဲကအတွေးကို ပြောင်းလဲ စေခြင်းကိုဆိုပါတယ်။ ဒါပေ့မဲ့ Persuasion ကကျ လူတစ်ယောက်ကို လူအများကြီးက ဝိုင်းပြီး Persuasion လုပ်လို့မရပါဘူး.. ဒါက ဒီနည်းရဲ့အားနည်းချက်ဖြစ်ပါတယ်။ ဆိုတော့ ဒီနည်းကိုကောင်းကောင်းသုံးချင်တယ်ဆိုရင် Persuasion Skill ကိုလေ့လာဖို့လိုပါတယ်။

အဓိက ခင်ဗျားက သူငယ်ချင်းတွေထဲမှာ ကိုယ်ပြောတာကို အများက လက်ခံလာအောင်လုပ်နိုင်ချင်တယ်၊ ကိုယ်အလုပ်မှာ တစ်‌ပါးသူကို ကိုယ်ဖက် ဆွဲခေါ်နိုင်ချင်တယ် ၊ ဆိုရင် ဒီနည်းက Skillsets တွေထဲက တစ်ခုအဖြစ် လေ့လာလို့ရပါတယ်။ ဒါပေ့မဲ့ Persuasion ‌သုံတဲ့လူတွေအတော်အများက ကိုယ်ရဲ့ အာဏာ ကိုအပြည့်အ၀ သားကောင်ကို သုံးလို့မရပါဘူး။ စကားပုံလိုလို ပုံပြင်တစ်ပုဒ်လိုလိုရှိပါတယ်။ အဘိုးအိုတစ်ယောက်က နေ နဲ့ လေ ကို သူရဲ့အပေါ်က ကုတ် ကို ချွတ်နိုင်အောင် လုပ်နိုင်တဲ့လူက အ‌နိုင်လို့ပြောတဲ့ အခါ မှာ လေက အားကုန်သုံး ပြီး လုပ်ပေ့မယ် အဘိုးကြီးက ကုတ်ကိုအတင်းဆွဲထားပါတယ်။ ဒါပေ့မဲ့ နေက အားတောင်မသုံး‌လိုက်ရသေးဘဲအဖိုးကြီးက ကုတ် ကို ချွတ်လိုက်ရပါတယ်။ ဒါကြောင့် အာဏာကိုသုံးခြင်းက တစ်ပါးသူကို ကိုယ်ဘက်လာအောင်လုပ်တဲ့ အခါ သုံးတိုင်းမကောင်းပါဘူး ။ ဒါပေ့မဲ့ ပုံပြင်မှာသာ ညဘက်ဆိုရင် လေက နိုင်နိုင်ချေရှိနိုင်ပါတယ်။ ဒါကြောင့် အာဏာဆိုတဲ့အရာက အချိန်အခါနဲ့သုံးမှဘဲအဆင်ပြေမှာပါ။

Narcissism