Mirroring

�𝐒𝐨 𝐋𝐞𝐭'𝐬 𝐭𝐚𝐥𝐤 𝐚𝐛𝐨𝐮𝐭 𝐌𝐢𝐫𝐫𝐨𝐫𝐢𝐧𝐠.....

𝐖𝐡𝐚𝐭'𝐬 𝐌𝐢𝐫𝐫𝐨𝐫𝐢𝐧𝐠 ?

Mirroring ဆိုတာက လူတစ်ယောက်ရဲ့ အပြောအဆို ၊ အပြုအမှု ၊ အသံအနေအထား ၊ အကျင့်စရိုက် ‌၊ စသဖြင့် Mirroring ကို အသုံးပြုတဲ့လူရဲ့လုပ်နိုင်စွမ်းပေါ်မူတည်ပြီးတော့ အခြားလူတစ်ယောက်ရဲ့ Personality Type တစ်ခုလုံးကို တောင် Copy လုပ်နိုင်တာကို Mirroring လို့ခေါ်တယ်။ ဒါမဲ့သတိပြုရမှာက Personality တစ်ခုလုံးကြီးကို ကူးချပြီး လိုက်လုပ်နေစရာမလိုဘူး ။ အဲလောက်ထိ လုပ်ဖို့ ဆိုတာလဲ မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်တာထင် လွယ်ကူမနေတာ ၊ ဒါကြောင့် ကိုယ်ရဲ့ အပြုအမူ တွေ အပြော အဆို တွေ စရိုက်တွေ ကို ကိုယ်အပေါ်ပြန်လာသုံးနေရင် ဒါက ကိုယ်အပေါ် Mirroring Manipulation Technique သုံးနေတာပါဘဲ.. ဆိုတော့ ဒီ နည်းစနစ်ကို ဘယ်မှာ အသုံးများလဲ?

လေ့လာချက်တွေအရ Relationship တွေမှာအသုံးများပါတယ်။ယောင်္ကျားလေးတွေ သူတို့ Crush ကို ချည်းကပ်တဲ့အခါ အသုံးများတယ်။ ဒီအရာကို မရှင်းပြခင် ဒီနေရာမှာ Mirroring ကို လူတွေနားလည်မှုမှားနေကြတာက ၊ ကိုယ်ဒီနည်းလမ်းသုံးချင်တဲ့ လူရဲ့ Personality တွေကို ကူးချပြီး သူကို ပြန်သုံးတဲ့နည်း ဘဲရှိတယ် ထင်ကြတာ ဒါမဲ့ မဟုတ်ဘူး..... Mirroring မှာ နည်းစနစ် တွေအများကြီးရှိတယ်။ ဒီထဲ က နှစ်နည်းကိုပြောပါဆိုရင်...

  • အခြားလူရဲ့ Personality ကိုကူးယူအသုံးချနည်းနဲ့
  • အခြားလူသဘောကျတဲ့ လူရဲ့ Personality ကိုလေ့လာပြီး အသုံးချနည်းဆိုပြီးကွဲတယ်။

ဆိုတော့ ယောင်္ကျားလေးတွေက ဒုတိယနည်းစနစ်ကိုသုံးပြီးတော့ သူတို့ Crush ကိုချည်းကပ်ကြတယ်.. ဒီ tatic ကိုသုံးပြီး အဖြေပြန်ရနိုင်ခြေက 70 % ရာခိုင်နှုန်းအထက်မှာရှိတယ်။ ဒါမဲ့ သတိပြုရမှာက မချည်းကပ်ခင် သူက ကိုယ်ကို မရိပ်မိ အောင် နေပြီးတော့ သူရဲ့ သဘောကျတဲ့ Boy type ကို လေ့လာရခြင်းဖြစ်တယ်။ မိန်းကလေးတွေလဲ ဒီနည်းစနစ်သုံးလို့ရပါတယ်။ ဒါမဲ့ မတူတာက ချည်းကပ်ရမှာမဟုတ်ဘဲ ကိုယ်ရဲ့ Personality ကို သူသဘောကျတဲ့ Personality တစ်ဖြေးဖြေးပြောင်းလိုက်ယုံဘဲ ။

ဆိုတော့ နည်းလမ်းပေးပြီးရင် ဘယ်လို ပြန် ကာကွယ်မလဲလို့ရမလဲ?

အဖြေကတော့ရိုးရှင်းပါတယ်။ လူတစ်ယောက်ကို ဘယ်လောက်သဘောကျကျ အဖြေတစ်ခုပေးဖို့ကိုအနည်းဆုံး အချိန်ကာလတစ်ခုယူပြီး စဉ်းစားပါ။ ဒါက ရေရှည် Relationship တစ်ခုတည်ဆောက်ချင်ရင် လိုအပ်တဲ့အချက်တစ်ခုပါ။

Narcissism