Ghosting ကို သုံးပြီးတော့ လူတွေကိုယ်အပေါ်ထားရှိတဲ့ အမြင် တွေကိုထိန်းချုပ်ပြီး ကိုယ်ကို ပြောင်းလဲလို့ ရတဲ့နည်းတစ်ခုရှိပါတယ်။
ခင်ဗျားအနေနဲ့ က ကိုယ်သူငယ်ချင်းတွေ ကြောင့်အပျော်အပါးအလိုက်အစားလွန်. နေတာဖြစ်စေ ၊ သူငယ်ချင်းကြောင့်ပျက်နေတဲ့လူဘဲဖြစ်စေ ၊ ဆက်ဆံရေးတစ်ခုကို Reboot ပြန်လုပ်ချင်တဲ့လူဘဲဖြစ်စေ ၊ ကိုယ်ကို အချိန်တစ်ခုပေးပြီး Focus ထားပြီး ကိုယ်ကို အထင်သေးတဲ့ကောင်တွေရဲ့ စိတ်ကို သံသယတွေနဲ့ လွှမ်းမိုးချင်ရင် ဒီနည်းလေးသုံးလို့ရမယ်။
ပထမဦးဆုံး ကိုယ်အနေနဲ့က Ghosting လုပ်ဖို့ရည်ရွယ်ချက် ပြတ်ပြတ်သားသားရှိဖို့နဲ့ Ghost လုပ်နေတဲ့ အချိန် မှာ ကိုယ်တိုးတက်ချင်တဲ့အရာ ကိုယ်ပြောင်းလဲချင်တဲ့အရာကို လူတွေမရိပ်မိအောင် လုပ်ဖို့လိုတယ်။ လုံး၀ကြီး လိုက်ဖုံးနေစရာတော့မလိုဘူး ..
အဓိက ခင်ဗျားအနေနဲ့ Conversation တွေမှာ လိုတာ ထက်ပိုမပြောဘူး... ၊ အပေါင်းအသင်းတွေ ဒါမှမဟုတ် ကိုယ်ဘာပြောင်းလဲမှုကိုပြစေချင်တဲ့လူတစ်စုဆီကနေခဏ ပျောက်ဖို့လိုတယ်။ ပြောရရင် ဒီနေရာမှာ ခင်ဗျားက လူအုပ်ကြီးနဲ့ကွဲထက်ကောင်းကွဲထွက်သွားနိုင်တယ် အပျော်အပါးတွေ ၊ အသောက်အစား တွေမရှိတော့ သလို တဏာကိစ္စတွေ လဲအတော်ရှားပြီး ကိုယ်ဘာသာကိုနေတတ်လာလေ့မယ်။ ဒီအတော်အတွင်း ကိုယ်အနေနဲ့ ကိုယ်ပြောင်းလဲချင်တဲ့ အရာ ၊ သက်သေပြချင်တဲ့အရာ ၊ ဒါမှမဟုတ် အရင်ကနဲ့မတူဘဲ ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာကြည့်ပါ။
ခင်ဗျားကို ဆက်ဆံတဲ့ပုံစံတွေနဲ့ ၊ အပြောအဆို တွေကအစ အရင်ကလို ဟုတ်ချင်မှ ဟုတ်တော့မယ့်အပြင် သူတို့ခေါင်းထဲမှာလဲ လူသစ်တစ်ယောက်ကို တွေ့နေရတဲ့ခံစားချက်နဲ့ subconscious mind ( မသိစိတ် ) မှာ ကိုယ်က သူတို့ထက်သာသွားတဲ့ဆိုတဲ့အရာမျိုး ၀င်သွားနိုင်ပါတယ်။
ကျွန်တော် Page မှာတင်ခဲ့သလိုဘဲ Ghosting ဆိုတာက တစ်ဖက်လူရဲ့ စိတ်ထား ၊ ခံစားချက် အစစ်မှန်ကို သိဖို့ နဲ့ ... ၊ ဆက်ဆံရေး တစ်ခု ကို ဖြတ်ချ တဲ့အခါ အဓိက သုံးတာပါ။ ဒီကျွန်တော်အပေါ်က ပြောသွားတဲ့နည်းစနစ်က တစ်ဖက်လူရဲ့ စိတ်ထဲမှာ ကိုယ်အပေါ် ဆက်ဆံတဲ့တကယ့်ပုံစံအမှန်ကိုသိဖို့နဲ့ ကိုယ်ရဲ့ပြောင်းလဲ မှုကြောင့် သူကို တစ်နည်းအားဖြင့် Mental issues ရစေပါတယ်။ ဥပမာ ကိုယ်ကို အပြစ်တင်ပြောဆိုမှုတွေ ၊ မနာလိုမှုတွေ ၊ ကိုယ်ကိုဖိအားပေးမှုတွေ ၊ အတိတ်မှာ ကိုယ်လုံလုံလောက်လောက်မကြိုးစားခဲ့ရတာတွေကို သွားပြီး အပြစ်သွားတင်ပါတယ်။ ကျွန်တော်တစ်ခုပြောပြမယ် အတိတ်မှာဘဲ ကျင်လည်နေတဲ့ ကောင်တိုင်းက အနာဂတ် အတွက် သေချာတဲ့ Plan မရှိကြတော့ဘူး။ ပြောရရင် အတိတ်မှာဘဲ နေတဲ့လူတွေအတွက် အနာဂတ်ဆိုတာက ဆူးခင်းလမ်းဘဲ...
သေချာတဲ့ Plans တွေ ၊ ဘယ်လိုအကောင်းဆုံးလုပ်ရမလဲ ၊ ဘယ်လို ပြန် ထရမလဲဆိုတာထက် သူတို့လုပ်ခဲ့တဲ့အမှားတွေ ကိုပြန်းစဉ်းစားပြီးဝော့ ဒီအခြေအနေကြီးကရုန်းထွက်ဖို့ Social Media က Motivation Video ပေါင်းများစွာထိုင်ကြည့်ရတယ်။ ကျွန်တော်ပြောတာ မှားမယ်မထင်ဘူး ... Self Motivation ထက် အဲ့တာတွေကိုလူတွေက ပိုသဘောကျကျတယ်လေ။ ဒါတောင် ကောက်ရိုးမီးထလောင်လို့ ထလုပ်တဲ့ လူ 100 မှာ အယောက် 80 က Discipline မရှိဘူး။ ဒါကြောင့်ဒီနည်းက တစ်ဖက်လူကို အကောင်းဆုံးတိုက်စစ်ဆင်လို့ ရပြီး တော့ ကိုယ်အတွက် အကျိုးမယုတ်တဲ့နည်းတွေထဲက တစ်ခုလို့ပြောရမယ်။