Personal developmentဆိုတာကတော့ တစ်ကိုယ်ရည်တိုးတက်မှုတွေ ကိုယ်ရည်ကိုယ်သွေး တွေကိုimproveဖြစ်အောင်လုပ်တာ နေ့စဉ်မှန်မှန်တိုးတက်အောင်Consistencyနဲ့Disciplineရှိရှိ KnowledgeတွေAbilitiesတွေSkillတွေကို အမြင့်ဆုံးထိရောက်အောင်ကြိုးစားတာကိုခေါ်ပါတယ်။

Personal developmentကတစ်ယောက်တစ်ယောက်ချင်းစီရဲ့ တိုးတက်မှုတွေ၊အသစ်အသစ်သော အကြောင်းအရာများနှင့် တီထွင်ဖန်တီးနိုင်မှုတွေ၊ Body Building တွေကို တိုးတက်စေတာကြောင့်ဖြစ်ပါတယ်။ Personal Developmentကောင်းကောင်းရှိခြင်းအားဖြင့် "အသိတရား"တွေ ဆက်ဆံရေးမှာအဆင်ပြေချောမွေ့လာစေတာတွေ ကိုယ့်အလုပ်ခွင်မှာပဲဖြစ်ဖြစ် Career အတွက်လည်း ပိုမိုကောင်းမွန်စေလာနိုင်တာကြောင့် ကိုယ်ကိုယ်တိုင်၏ အလုံးစုံသော တိုးတက်ခြင်းဖြစ်ပါတယ်။

ခင်ဗျားရဲ့ Personal Development journey ကိုစချင်ရင်တော့ ကျွန်တော်ကတော့Short and clear goalsတွေကို goal setting ထားပြီးလုပ်စေချင်ပါတယ်။ ဒီတစ်နှစ်အတွင်းကိုယ်လိုချင်တဲ့အနေအထား၊ တစ်လအတွင်းကိုယ်လိုချင်တဲ့အနေအထား၊ တစ်ပတ်အတွင်းကိုယ်လိုချင်တဲ့အနေအထားနဲ့ ကိုယ်တစ်ရက်တာလုပ်နိုင်တယ် အရာတွေကိုချိန်ညှိပြီး goal setting ထားတာပဲဖြစ်ပါတယ်။ Goal settingလည်းချပြီးပြီ တကယ်လုပ်မယ်ဆိုရင်တော့seminarsတွေလိုက်တက်၊ self reflectionဆိုတဲ့ကိုယ့်ကိုယ်ကိုjourneling လုပ်တာတွေ discipline ရှိရှိနဲ့သေချာလုပ်ကိုင်နိုင်ဖို့လိုပါတယ်။

Personal Development journeyကတော့ ကိုယ်ကိုယ်တိုင် လုပ်နိုင်စွမ်းနဲ့ ထားထားတဲ့ goal setting အပေါ်ကိုမူတည်ပါတယ်။ Millionaireဖြစ်ချင်လား Billionaireဖြစ်ချင်လား။ ခင်ဗျား ကိုယ့်ကိုယ်ကိုသေချာအောင်ပြန်မေးဖို့လိုပါတယ် ပြီးတော့ goal အလိုက် အပတ်ပေါင်းများစွာ ၊ လပေါင်းများစွာ ၊ နှစ်ပေါင်းများစွာ အချိန်ယူနိုင်ပါတယ်။

Dark Psychology ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင် Dark = အမှောင် Psychology = စိတ်ပညာ ကိုဆိုလိုခြင်းဖြစ်ပါတယ်။ဆိုတော့ အမှောင်စိတ်ပညာပေါ့။တကယ့် စီးပွားရေးနယ်ပယ်ကလူကြီးတွေ တစ်ခြားသောနယ်ပယ်က အကောင်ကြီးတွေကတော့ Dark Psychologyကို Human Psychology, Behaviour Psychology အဖြစ်လူငယ်တွေကိုလေ့လာခိုင်းတာများပါတယ်။ Dark Psychologyကတော့လူ့အဖွဲ့အစည်းရဲအမှောင်ဘက်ခြမ်းကိုလေ့လာတဲ့ပညာရပ်ပါပဲ။ဆိုတော့ကာ ပြောပါမယ် ခင်ဗျားPersonal Developmentကောင်းမယ်ဆိုရင်တောင် ခင်ဗျားကို သူများဖျံကျသွားရင်တောင် ခင်ဗျားသိလိုက်မှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ Dark Psychologyရဲ့ tacticsတစ်ခုဖြစ်တဲ့ Gaslightingလုပ်တာခံလိုက်ရလို့ပါ။ ခင်ဗျားPersonal Developmentမှာတိုးတက်ချင်ရင် ဒီပညာရပ်ဟာလည်း လေ့လာဖို့ကောင်းတဲ့ အရေးကြီးတဲ့ဘာသာရပ်အဖြစ်တည်ရှိနေပါတယ်။

Dark Psychologyဟာ အီဂျစ်တို့ Greece တို့ခေတ်ကတည်းကတည်ရှိတာလာပဲဖြစ်ပါတယ်။ Modern Psychologyဆိုပြီးတော့ ၁၉ရာစုမှာလူသိများလာကြပါတယ်။ ဒီဘာသာရပ်ဟာ တရားဝင်သင်ကြားပေးတဲ့ဘာသာရပ်မဟုတ်ပါဘူး။ကိုယ်ကိုယ်တိုင်စာအုပ်တွေကတစ်ဆင့် သင်တန်းတွေကတစ်ဆင့် လေ့လာရတာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Matrix systemရဲ့ထိပ်မှာရှိနေတဲ့ လူတွေက အောက်ခြေလူတန်းစားတွေကို ဒီလိုပညာရပ်ရှိတယ်ဆိုတာကိုပေးမသိစေချင်ပါဘူး။ ဒါမှလည်းသူတို့ ဆက်ပြီးဖျံကျလို့ရမှာပဲဖြစ်ပါတယ်။ သေချာလေ့လာချင်ရင်တော့ Tiktokပေါ်က Manipulation ဘာညာ Dark Psychology အကြောင်းတင်နေတဲ့အရူးတွေဆီကနေပြီး လေ့လာတာကိုရပ်ပြီးတကယ့်expertတွေဆီကပဲလေ့လာစေချင်ပါတယ်။

Spiritual Development က ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့အတွက် အချို့က brainwashလို့ ထင်တတ်ပါတယ် ။ အမှန်က brainwash မဟုတ်ပါဘူး ။ စိတ်ဓာတ်ကောင်းမွန်အောင် ပြောင်းလဲတဲ့ကျင့်စဉ် Humanity လူသားဆန်အောင် လေ့ကျင့်မှုတစ်ခုသာဖြစ်ပြီး Spiritual Devမလေ့ကျင့်ထားရင် Dark Psychology ကိုမှားယွင်းစွာသုံးမိတတ်ပါတယ် ။

Spiritual Dev က ဘာသာအလိုက်ကွဲပြားနိုင်ပါတယ် ။ ဒီ website မှာကတော့ Buddhism က စိတ်ပိုင်းဆိုင်ရာတိုးတက်ခြင်း အကြောင်းပါပါတယ် ။ မေတ္တာပွားတာ... ကိုယ်ချင်းစာတရားထားတာ.. အလှူအတန်းလုပ်တာ... စတာတွေ... လောဘ ဒေါသ စိတ်အညစ်တွေဖယ်ရှားတာ... စိတ်စုစည်းမှု (သမထ)Meditation အကြောင်းတွေ ပါဝင်ပါတယ် ။

အာ့တာအတွက် ခန္ဓာကိုယ်အတွက် Protein သောက်တာတွေ ပြီးတော့ Martial Artလိုက်စားတာတွေနဲ့အတူ Body ကိုနေ့တိုင်းConsistencyရှိရှိနဲ့လေ့ကျင့်ရင်ရပါတယ်ဗျ။

ဒီလိုမျိုး Six Packရှိတဲ့အလှပြBodyတွေထက်တကယ်Strengthပိုင်းပိုအားသာတဲ့Bodyကိုလိုချင်ရင်တော့ နေ့တိုင်းလေ့ကျင့်ခန်းသေချာလုပ်ပြီး Gym Trainerရဲ့ ညွှန်ကြားချက်တွေကိုသေချာလိုက်နာပါ။ ပြီးတော့Martial Artပိုင်း မှာတစ်ခုခုလေ့လာသင့်ပါတယ်။

လူတွေနဲ့စိတ်ချင်းconnectionမိမိပြောချင်ရင် NLP ဆိုတဲ့Neuro linguistic Programmingကိုလေ့လာစေချင်ပါတယ်။

Growth Mindsetရှိဖိုအတွက် ကိုယ်တိုင်ကကြိုးစားချင်စိတ်နဲ့မသိတာကိုရဲရဲကြီးမေးခွန်းထုတ်ရဲမှရပါမယ်။