Colour Focusing ကတော့ကသိုဏ်း ဆယ်ပါးမှ အပါအဝင်ပဲဖြစ်ပါတယ်။ အရောင်ကမ္မဌာန်းကိုတော့ လေးမျိုးလေးစားခွဲခြားနိုင်ပါတယ်။ နီလ ညိုသောအရောင် ၊ ပီတ ရွှေရောင် ၊ လောဟိတ နီသောအရောင် ၊ ဩဒါတ ဖြူသောအရောင် ဆိုပြီး ကသိုဏ်းအမျိုးမျိုးခွဲခြားထားပါတယ်။ အရောင်ကမ္မဌာန်းကျင့်မယ်ဆိုရင်တော့ Mind focusing မှာဖော်ပြထားတဲ့ ဣရိယာပုဒ် ကိုအရင်ယူရပါမယ်။ ပြီးရင်တော့စိတ်ကိုအားထား နားထားပြီး မိမိနှစ်သက်ရာအရောင်ကိုရွေးချယ်နိုင်ပါတယ်။ ထိုအရောင်ရှိသောပစ္စည်းကိုဖြစ်စေ၊ စာရွက်ကိုဖြစ်စေ၊ ရှေ့မှာချိတ်ဆွဲထားရပါမယ်။ ထိုအရောင်ကို မျက်စိဖြင့် စူးစိုက်စွာကြည့်နေရပါမယ်။ ဒါကတော့ တစ်နည်းပါ။ နောက်တစ်နည်းကတော့ စက္ခုနှစ်စုံကိုပိတ်ပြီး ထိုအရောင်ကိုစိတ်ထဲမှာပေါ်လာအောင် တွေးတောကာ မျက်လုံးမဖွင့်ပဲ စူးစိုက်စွာကြည့်နေရပါမည်။ ဒါကတော့အရောင်ကမ္မဌာန်းပဲဖြစ်ပါသည်။ အားထုတ်ခြင်းဖြင့် စိတ်တည်ငြိမ်ခြင်း၊ သမာဓိအားတက်စေခြင်းတိုကိုဖြစ်စေတာပဲဖြစ်ပါတယ်။