Element Focusing ဟာလည်း ကသိုဏ်းဆယ်ပါးဝင်ပဲဖြစ်ပါတယ်။ Element Focusing ကိုတော့ ခြောက်မျိုးခွဲခြားနိုင်ပါတယ်။ ဓါတ်ကြီးလေးပါး (ပထဝီ၊တေဇော၊အာပေါ၊ဝါယော)နှင့် ကောင်းကင်ကသိုဏ်း၊ အလင်းကသိုဏ်တိုပဲဖြစ်ပါတယ်။ ဓါတ်ကမ္မဌာန်းမှာဆိုရင်တော့ မူလဣရိယာပုဒ်ကိုယူပြီး ပထဝီအစိုင်အခဲကိုဖြစ်စေ၊ တေဇော မီးကိုဖြစ်စေ၊ အာပေါ ရေကိုဖြစ်စေ၊ ဝါယော လေကိုဖြစ်စေ၊ ကောင်းကင်ကိုဖြစ်စေ အလင်းအမှောင်ကိုဖြစ်စေ၊ အာရုံပြုရပါမယ်။ အမိုးအကာအောက်ထက် အရိပ်ရသော ပတ်ဝန်းကျင်နဲ့လုပ်ခြင်းကို ပို၍အားပေးပါသည်။ သဘာဝဓါတ်များကို ရှုရခြင်းဖြစ်၍ ဟင်းလင်းပြင်တွင်ရှုသင့်ပါသည်။နောက်တစ်နည်းကတော့ စက္ခုနှစ်စုံကိုပိတ်ပြီး ထိုဓါတ်ကိုစိတ်ထဲမှာပေါ်လာအောင် တွေးတောကာ မျက်လုံးမဖွင့်ပဲ စူးစိုက်စွာကြည့်နေရပါမည်။ ဒါကတော့ဓါတ်ကမ္မဌာန်းအကြောင်းပဲဖြစ်ပါတယ်။