Courses // Mental
Let's explore about Mental Development
Mental Development ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲခြင်းပဲဖြစ်ပါတယ် ။ လူတွေက စိတ်ခိုင်းတာတွေကို လုပ်ကြတာဖြစ်တဲ့အတွက် စိတ်ကိုစနစ်တကျ ထိန်းချုပ်တတ်ရပါမယ် ။ Spiritual နဲ့မတူတဲ့ အချက်က Mental အတွက်က စိတ်ရဲ့ features တွေကိုပဲ ပြောင်းလဲတာပဲဖြစ်ပါတယ် ။ Mindset ပြောင်းလဲခြင်း... Self-Discipline… Self Motivation…စတဲ့ စိတ်ပိုင်းဆိုင်ရာ ကွပ်ပဲမှုတွေပဲ ဖြစ်ပါတယ်ခင်ဗျာ ။
Mental Development ကတော့ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလွန်အရေးပါပါတယ် ။ ကောင်းမွန်တဲ့Mindset ရှိမှသာ သင်ယူလေ့လာတဲ့နေရာ... Communications… တွေမှာအဆင်ပြေမှာဖြစ်ပါတယ် ။ မိမိစိတ်ကို နိုးကြားတက်ကြွစေရန်... စိတ်ကိုကောင်းစွာ ထိန်းချုပ်တတ်စေရန် Mental Development မှာအဆင့်တစ်ခုထိ ရောက်အောင်လေ့ကျင့်ထားသင့်ပါတယ်။ မလေ့ကျင့်ထားဖူးဆိုရင် Communications တွေမှာ တစ်ဖက်သတ်ဆန်တာ အယူသီးတာတွေ... Team worksတွေမှာ ကောင်းကောင်းမလုပ်တတ်တာတွေ... စိတ်ဓာတ်ကျလွယ်တာတွေ... စိတ်ကိုမထိန်းချုပ်နိုင်တာတွေ ဖြစ်တတ်ပါတယ်ခင်ဗျာ ။
Mentalမှာတော့ အပူဒဏ်ခံနိုင်တဲ့ သားရဲMindset (ဝါ) Iron Mindset တစ်ခုကို တည်ဆောက်နိုင်ဖိုအတွက်လုံလောက်တဲ့knowledgeတွေကိုမျှဝေပေးထားပါတယ်။ ကျွန်တော်တိုလူသားတွေဟာ ခံစားချက်တွေနဲ့အလုပ်လုပ်တဲ့သတ္တဝါတွေပါ။ ဘယ်လောက်ပဲတိုးတက်ချင်လဲ ပျင်းရင်နားတာတွေ၊ဆိုးဆိုးဝါးဝါးဖြစ်နေလို လုပ်ရမယ့်အရာတွေကိုပျက်ကွက်တာတွေရှိသလို Motivational Videoလေးထကြည့်လိုက်လို ခဏလောက်လေး ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်လိုက်တာရှိပါတယ်။ ဒီမှာတော့အာ့လိုမဟုတ်ပဲ လက်တွေ့မှာလည်းအသုံးဝင်တဲ့ Mindsetတည်ဆောက်ပုံတွေကိုမျှဝေပေးထားတာမို အားလုံးပဲ တိုးတက်လိုစိတ်ရှိပြီး သန်မာကြံ့ခိုင်တဲ့Mind setတစ်ခုကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။
Let's explore about mindset!
Growth Mindset = ကြီးထွားပြန့်ကားလိုတဲ့ စိတ်ဓာတ်
Fixed Mindset = ထိန်းချုပ်ခံထားရတဲ့ စိတ်ဓာတ်
Mindset လို့ပြောလိုက်ရင် Sanford University က စိတ်ပညာရှင် Carol Dweck ရဲ့ သုတေသန အရ ထုတ်ထားတဲ့ Mindset: The New Psychology of Success ဆိုတဲ့စာအုပ်က Mindset နှစ်ခုကိုပြောရပါမယ်။
Fixed Mindset တွေကတော့ သူတို့ရဲ့ အတွေးအခေါ်တွေက သူတို့မိဘတွေ၊ အခြား ပတ်၀န်းကျင် က လူတွေ က ငယ်ငယ်ကတည်းက Brainwash ထားသလို အတွေးအခေါ်တွေက ကျဉ်းမြောင်းပြီးတော့ ပိတ်လှောင်နေတဲ့အတွေးအခေါ်တွေဖြစ်တယ်။ နောက်ပြီးတော့ သူတို့က မွေးရာပါ ပါရမီ အရည်အချင်းရှိမှ လောကကြီးမှာ ကောင်းကောင်းရှင်သန်လို့ရမယ် လို့ ယုံကြည်ထားသူတွေဖြစ်ပြီးတော့ Easy Life Style ကို သဘောကျကြတယ်။ အပူအပင်ကင်းတဲ့ လောကကြီးကို ကြိုက်ကြတဲ့ သူတို့အနေနဲ့ လောကဓံ ဆိုတဲ့အရာတွေ အခက်အခဲ တွေ အတားအဆီးတွေကို သူတို့ မနှစ်မြို့ကြတော့ဘူး။ ကြုံလာရင် လဲ လုပ်နိုင်မယ်လို့မထင်ကြဘူး။ Fixed Mindset လူတစ်ယောက်မှာ ဖြစ်လာရတာက ကိုယ်ကြီးပြင်းလာတဲ့ Environment နဲ့ စိတ်ပညာအရဆို adjustment process ကြောင့်လို့ဘဲ ပြောရမယ်။ သူတို့တွေက အရာတစ်ခုကို ဆုံးရှုံးတဲ့အခါ ၊ ကျရှုံးတဲ့အခါမျိုးမှာ ရလာတဲ့ Pain တွေက သဘောမကျကြဘူး ။ ဆိုတော့ နောက်တစ်ခါ ဒီလို မဖြစ်အောင် conflict ညှိယူရတဲ့အထဲပါတယ်။ ညှိယူတဲ့အချိန် ငါက ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုတဲ့အတွေးတွေ ၀င်လာပြီး ရှုံးနိမ့်မှုတွေနဲ့ ဆက်တိုက်ကြုံလာတဲ့အခါ Mindset က Change သွားတာဖြစ်တယ်။ နောက်ပြီး Fixed Mindset တွေရဲ့အမြင် ၊ သဘော ထားအများစုက မနာလိုမှုတွေ ၊ အပြစ်တင်မှုတွေ ၊ Negative thought တွေက အစ သူတို့ရဲ့ လုပ်ရပ်တွေက နေတစ်ဆင့် သူကိုသူတို့ Damage ပြန်ဖြစ်စေတယ်။ ကိစ္စတစ်ခုကို လွယ်လွယ်နဲ့အရှုံးပေးတတ်ပြီး အတိတ်ကို သွားပြီး နောက်ကြောင်းဖော်တတ်တယ်။ ငါက ဘယ်မိသားစုက နေမွေးဖွားလာလို့ ၊ ငါအမေတွေက ဆင်းရဲလို့ ၊ ဘာညာ မဆိုင်တဲ့လူတွေကို အပြစ် ပုံချတတ်တယ်။
Growth Mindset ရှိတဲ့လူတွေက ရိုးရှင်းတယ်။ ငါတို့ နယ်ပယ်တစ်ခု အရာတစ်ခုမှာ လုံလောက်တဲ့ အား တစ်ခုနဲ့ အချိန်တစ်ခုပေးလိုက်ရင် ငါတို့သေချာတယ် ဒီအရာကို နှစ်အနည်းငယ်အတွင်း အဲ့နယ်ပယ် တစ်ခုမှာ အကောင်ဖြစ်လေ့မယ်။ ဒီအတွက် ငါ Hard work လုပ်ဖို့လိုတယ်။ မလုပ်နိုင်ဘူးဆိုတဲ့စိတ်ထက် ဘယ်လိုလုပ်ရမလဲဆိုတဲ့စိတ်ကို မွေးမြူဖို့လိုမယ် ။ အခက်အခဲတွေအတားအဆီးတွေ ကြမ်းတမ်းတဲ့ဟာတွေ လိုတယ်။ ငါသွားတဲ့ လမ်း က Challenge တွေ ပြည့်နေဖို့လိုတယ်။ ငါ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပြီးတော့ ကြီးထွားလာဖို့လိုတယ်။ မနေ့ကထက် ပိုကောင်းအောင်လုပ်မယ် ၊ အရင်နှစ်ထဲ ငါဘယ်လောက်တိုးတက်သွားပြီလဲ ? ဝေဖန်မှုတွေက အကြံဉာဏ်တွေဘဲ ။ သူတောင် လုပ်နိုင်သေးတာဘဲ ငါက လုပ်နိုင်ရမှာပေါ့ ။ အချိန်တစ်ခုဘဲ။ ဆိုတော့ Growth Mindset ကို ဘယ်လိုလုပ်ယူရမလဲ ? ကိုယ့်ရဲ့အတွေးအခေါ်တွေ ခံယူချက်တွေကိုပြောင်းလဲပါ။ တစ်ဖက်ပိတ် 19 ရာစုက အတွေးအခေါ်တွေနဲ့ရှင်သန်နေလို့မရဘူး။ ကိုယ်မှာရှိတဲ့ အားနည်းချက် တွေကို လက်ခံနိုင်ရမယ်။ ရလဒ်တွေ မကောင်းတဲ့ အခါမှာ လဲ စိတ်ဓာတ်ကျစရာ ငါမှာ ဘာဖြစ်နေလို့ ဘာညာထက် ကိုယ်ကြိုးစားခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားဖို့လိုတယ်။ ထိန်းချုပ်ခံနေရတဲ့ လှောင်အိမ်ကိုဖျက်ပြီးတော့ပြန့်ကားနိုင်ရင် Growth Mindset ကိုရပြီ။
Let's Learn about Self Discipline!!!
Self Discipline ဆိုတာက ကိုယ်ကို ရှေ့ကို တွန်းပို့နေတဲ့ တွန်အားတစ်ခု (⚠️ ဒါမဲ့ အဲ့တွန်းအားက Motivation မဟုတ်ဘူး ) Motivation က တာထွက်ဘဲကောင်းတာ ခရီးအလယ် မှာ ရှေ့ဆက်နိုင်ဖို့တွန်အားမပေးနိုင်ဘူး။ အရှင်းဆုံးပြောရရင် အချိန်မဆွဲတတ်ဘဲ ကိုယ်စကားကို ကတိတည်နိုင်တဲ့လူတွေကို Self Discipline ရှိတယ် လို့ပြောလို့ရတယ်၊ အဲ့လူတွေက သူတို့အခုဖြစ်နေတဲ့ Emotional တွေ ၊ Physically တွေကို ဆောက်ဂရုမစိုက်ဘဲ ပုံမှန်လေးတစ်ဆင့်ချင်းသွားနေတဲ့လူတွေ ငါဒီနေ့ ၀မ်းနည်းနေလို့ ၊ ကောင်မလေးက ငြင်းလိုက်လို့ ၊ မိသားစုနဲ့အဆင်မပြေလို့ အရေးမပါတဲ့ ဆင်ခြတွေမပေးဘူး။ပြောရရင် ကိုယ်ကို ဆင်ခြေမပေးဘဲ အလုပ်တွေများများ လုပ်နိုင်လာလေ အခြားလူတွေကိုလဲ ဆင်ခြေ မပေးတော့ဘူး.. အဓိကက အခြားလူကို ဆင်ခြေ ပေးချင်ရင်ပေးလို့ရပေ့မယ့် မင်းလုပ်ရမယ့် ကိစ္စတွေကို ဘယ်တော့မှ ဆင်ခြေပေးပြီး ခေါင်းမလွှဲသွားနဲ့.. ဒီထက်ထပ်ပြီးတော့ Discipline ကို အနက်ဖွင့်ဖို့မလိုတော့ဘူးထင်ပါတယ် ။ ဘာလို့လဲဆို လူတိုင်းဆင်ခြေတွေပေးတတ်လို့ပါ...
"You can never conquer the mountain. You can only conquer yourself."– Jim Whittaker, American mountaineer and CEO ဆိုတော့ ဘယ်လို ဒီအရာကြီးကိုတည်ဆောက်မလဲ?
ဒီအရာကြီးက ကြွက်သားတွေလိုပါဘဲ... ပထမ စလုပ်တဲ့ ရက်ပိုင်းတော့အဆင်ပြေပေ့မဲ့ ရေရှည်မှာ တော့ နားချင် လာတာ ၊ ပြောရရင် ရှေရှည်သွားဖို့ ခက်ပါတယ်... ဘာကြောင့်လဲ 💤💤
Self Motivation + Will power = Discipline
အပေါ်ကပြောသလို Motivation ပါနေတာကြောင့်တာထွက်ကတော့ အမြဲကောင်းပါတယ် ဒါမဲ့ အလယ်လောက်မှာ ရိုက်ချိုးခံရတာ များတယ် ဘာလို့ဆို လူအများက Motivation = Discipline ဆိုတာကြီးကို စိတ်ထဲ စွဲနေလို့ ငါ Motivation ရှိမှ နေတိုင်းလုပ်နိုင်မယ် ၊ မရှိရင် မလုပ်နိုင်တော့ဘူးလား? ပြောရရင် Will power ( စိတ်စွမ်းအား ) မရှိတာ Will power က Spiritual ပိုင်းလိုက်စားတဲ့လူတွေနဲ့ ဆို မစိမ်းဘူး ။ ပြောရရင် ငါဒီနေ့ ဘယ်အချိန် တရားထိုင်မယ်ဆိုရင် တကယ်ထိုင်လိုက်တာမျိုး ဒါကို တစ်ပတ်လုပ်မယ် ဆိုရင် လုပ်လိုက်တာမျိုး အဲလို ပြီးမြှောက်မှုတွေကနေ Will power ရတယ် ။ Will power က နေ တစ်ခါတစ်လေ Motivation တောင်ပြန်ရနိုင်သေးတယ်.. ဆိုတော့ ဒီနှစ်ခုရှိရင်ကို အဆင်ပြေပြီ ဆိုတော့ Self Discipline ကောင်းချင်ရင် အရင်ဆုံး Goal အကြီးတွေနဲ့မစမိပါစေနဲ့... ဒါကအရေးကြီးပါတယ်။ ဒါက လေ့ကျင့်မှုမရှိဘဲ နဲ့ ရေရှည် သွားလို့မရပါဘူး.. ပုံများပြထားတဲ့ အရာတွေကို Step by Step လုပ်သွားနိုင်ရင်တော့ အရှိန်အဝါကောင်းတဲ့ Self Discipline တစ်ခုကိုပိုင်ဆိုင်နိုင်ပြီးဖြစ်ပါတယ်။
Goal တစ်ခုရွေးချယ်ပါ ။ အကြီးကြီးမဟုတ်ဘဲ .. ရေတို နဲ့ အဆင်ပြေစေမယ့်အရာတစ်ခုပေါ့ ... ပြောရရင် ရေတို လေးတွေကို ပြီးအောင် လုပ်ကြည့်ပါ... တစ်ပတ် တစ်လလောက်ပေါ့ ဒီ အချိန်ကာလ အတွင်းကိုယ်သတ်မှတ်ထားတဲ့ကိစ္စတွေကို လုပ်နိုင်ရင် မဆိုးဘူးပြောရမယ်... ဥပမာ မနက်တိုင်း စာအုပ် 15 မျက်နှာ ဖတ်တာ ညနေ တိုင်း လေ့ကျင့်ခန်းလုပ်တာ ၊ ဘာသာစကားတစ်ခုကို 1 နာရီလောက်နေတိုင်းလေ့လာတာ... ဒီလိုသေးသေးလေးနဲ့မစဘဲနဲ့တော့ Self Discipline ကို လချီ ၊ နှစ်ချီ သွားဖို့အဆင်မပြေပါဘူး... ပြောရရင် ဒီတိုင်းပုံမှန်လုပ်နေတဲ့လူတစ်ယောက်က ပြတ်သွားရင် အတော်ကို အကျင့်ပြတ်တတ်ပြီး Comfort Zone မှာ မှီခိုတတ်ပါတယ်။
Motivation ဆိုတာက ကျွန်တော်တို့ သိတဲ့အတိုင်း အမြဲရနေတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်အရင်က တင်ဖူးတဲ့ Motivation Vs Discipline မှာဆိုရင်လဲ Self Discipline တစ်ခုတည်ဆောက်ဖို့အတွက်ဖြစ်စေ ၊ ကိုယ်လုပ်ချင်တဲ့ကိစ္စတစ်ခုကို ဆောင်ရွက်တဲ့အခါ မှာ Motivation က အမြဲလိုပါတယ်။ ဒါပေ့မဲ့ ဒီအရာက အမြဲရနေတာမျိုး မဟုတ်ဘဲ အတက်အကျတော့ရှိပါတယ်။ ဒါကို Discipline က ထိန်းပေးပြီးတော့ ကိုယ်လိုချင်တဲ့ Goal ကိုအရောက်ပို့ပေးတာပါ။ ဒါပေ့မဲ့ Motivation က အမြဲမရှိနေရင်ဖြစ်စေ ၊ Self Motivation မရှိရင်တော့ သင်အနေနဲ့ ကိုယ်ကိုယုံကြည်မှု ကျဆင်းနိုင်ပါတယ်။ ဒါကကိုယ်ရဲ့ Discipline ကို ကြာရင်ထိခိုက်နိုင်ပါတယ်။ ဆိုတော့ .... What's Self Motivation ?
Social Media က Motivation Video တွေ ၊ အခြားလူရဲ့ အားပေးစရာတွေထက် ၊ ကိုယ်လုပ်ရပ်ကိုယ် Action တွေကနေ ရလာတဲ့ အရာတွေ ၊ ကိုယ်လုပ်နိုင်ခဲ့တဲ့အရာတွေ ကနေတစ်ဆင့် ကိုယ်ကို ဆက်လုပ်ဖို့ တွန်အား ဖြစ်စေတဲ့အရာ ကို Self Motivation လို့ခေါ်တယ်။ ပြောရရင် ကိုယ်ဘာသာ Motivation ကိုဖန်းတီးတာပေါ့ .. ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ ? သူများတွေက သူတို့ရဲ့ Motivation တွေ က Social Media က Viedo တွေ နဲ့ အခြားလူတွေက မြှောက်မှန်းမသိ ၊ ဖာမှန်းမသိ ပြောတဲ့စကားတွေ ဖိတက်ပြီး ဒါတွေကို မူတည်ပြီး ကိုယ်လုပ်နေတဲ့ကိစ္စတွေ လုပ်ချင်မလုပ်ချင်ဖြစ်နေတဲ့အချိန် Self Motivation ရှိတဲ့ လူတွေက ဒီအရာတွေကို သူတို့ဖန်းတီးထားတဲ့အရာနဲ့ သူတို့ Keep Going နိုင်နေတယ် ပြီးတော့ Discipline ကလဲ အတော်ခိုင်မာနေတယ်။ Self Motivation ဆိုတာက EQ မြှင့်တဲ့လူတိုင်းမှာ ရှိတဲ့ Skill တစ်ခုဆိုလဲမမှားဘူးလို့ပြောလို့ရပါတယ်။
Let's explore about the art of Manipulation!!!
ကျွန်တော် တို့ ဟာ ကိုယ်ရဲ့ Goals တစ်ခုကို လျှောက်လှမ်းတဲ့အခါမှာ ပထမ ဦးဆုံး ဖြစ်လေ့ရှိတာက Motivation တွေ အမြှောက်အများရှိပြီး အားတက်သရော အလုပ်တွေရှယ်လုပ် Intensity စိုက်ထုတ်အားအပြည့် တွေနဲ့ ကြိုးစားကြတယ်။ ဒီနေရာမှာ ကျွန်တော်တို့ Gym သွားပြီး Workout လုပ်နေတဲ့ လူတွေ အဖြစ် များမယ်။ လေ့ကျင့်ခန်းတွေ အပြင်းအထန်တွေရှယ်လုပ်ပြီးတော့ ပထမ ရက်ပိုင်းတော့ တက်ကြွပြီးတော့ တစ်ခုခုပြောင်းလဲ လာတယ်ဆိုတဲ့ ခံစားချက်မျိုး vibes မျိုးရတတ်ကြတယ်။ သူတို့သတိမထားမိတာက ဒါက Intensity ရဲ့ သက်ရောက်မှုနဲ့ အစပိုင်း ကိုယ် Goals ကိုလျှောက်လှမ်းတဲ့အခါ Full Motivation ရှိနေလို့ ဒီလို Vibes မျိုးရှိရနေတယ်ဆို မသိကြတာများတယ်။ သုံးပတ်ကနေ 4 ပတ်ကြားမှာ အခြေအနေအမျိုးမျိုးကြောင့် Motivation က ကောက်ရိုးမီး လို လောင်စာ သိပ်မကျန်တော့တဲ့အခါ သူတို့ရနေတဲ့ vibes တွေ ခံစားချက် ကြီးတွေ မရလာတော့ဘူး။ Gym သွားတယ် ပြန်လာတယ် ဘာမှမပြောင်းလဲဘူး ... စလုပ်တုန်းကလောက်လဲ အားစိုက်ထုတ်မှု မျိုး မရှိတော့ ဘူး တစ်ဖြေးဖြေး လျှော့ ရင် လျှော့ ရင် နဲ့ နေ့တိုင်းမှန်ရှေ့မှာ ကိုယ်ရဲ့ မပြောင်းလဲ လာတဲ့ခန္ဓာကိုယ်ကြီးကို ကြည့်ပြီး ကိုယ်လိုချင်တဲ့ Goal ကိုသွားတဲ့ လမ်းကနေ Quit ဖြစ်လာတဲ့ လူတွေအများကြီးဘဲ။ Consistency ကကျတော့ ကျွန်တော်တို့ Goal ကို စလျှောက်တဲ့လမ်းမှာကတည်းက ဖြေးဖြေးနဲ့ပုံမှန်လေးနဲ့ တည်ဆောက်လာတဲ့အခါ သူအနေနဲ့ အဆင်ပြေတယ်။ ငါတစ်နေ့မှာ အများကြီးလုပ်စရာမလိုဘူး .. ဒီနေ့မှာ ငါ 15 မိနစ်လောက်ရရင် 15 မိနစ်လောက်ဆော်မယ် ... ဒါမဲ့ ငါ ဘယ်တော့မှ မရပ်ဘူး နေ့တိုင်းလုပ်သွားမယ်။ ပြောရရင် Mindset ကအစကွာတယ်။ Consistency ရှိချင်က ကိုယ်ကို Growth ဖြစ်လာစေတယ်။ သူအနေနဲ့ သူ Goal အတွက် လုပ်လာတဲ့ နေ့တိုင်းနေ့တိုင်း မှာ မနေကထက် ပိုကောင်းအောင်လုပ်လာတာ နဲ့ ဖြေး ဖြေးနဲ့နှေးနှေးလေးသွားနေပေ မယ့် အချိန် 4 ပတ်ထက် ကျော်လာတဲ့အခါ နည်းနည်းသတိထားမိလာတယ်။ ပြီးတော့ ဒါကနေ့တိုင်းလုပ်ဖြစ်နေတဲ့ အလေ့အကျင့်တစ်ခုဖြစ်သွားတယ်။ ဒီလိုနဲ့ ကိုယ်ကို ယုံကြည်မှု တစ်ခုရလာပြီး Self Confidence ရှိလာ လေ့မယ်။ နောက်ပြီး Motivation ရှိရှိမရှိရှိ လုပ်နိုင်သွားတဲ့ လူမျိုးဖြစ်သွားလေ့မယ်။ တစ်ချို့ ကိစ္စတွေက အလောကြီးစရာမလိုဘဲ ဖြေးဖြေးနဲ့ပုံမှန် လျှောင်နေဖို့ဘဲ လိုပါတယ်။
Let's Learn to control our impulse!!!
Impulse Control က ကလေးတွေ ကြားမှာ အများအပြားဖြစ်ကြပေ့မယ့် လူကြီးတွေဆီမှာ ရှိပါတယ်။ Impulse Control က တစ်နည်းပြောရရင် ကိုယ်ရဲ့ Action & Reaction ကိုမထိန်း နိုင်တာပါ။ ပြောရရင် ကိုယ်ရဲ့ Behavior နဲ့ Impulse ကို မထိန်းနိုင်တာကနေ ပြဿနာတွေက စပါတယ်။ ဒီအရာကို အလွန်အကျွံဖြစ်လာပြီး ပြန်ထိန်းချုပ်ဖို့ခက်နေပြီဆိုရင် သင်မှာ ICDs ( impulse Control Discords ) ရှိနေပါပြီ။ ဒီအရာရှိနေပြီဆိုရင်တော့ ကျွန်တော်အပေါ်ကပြောတဲ့အရာတွေကို ကောင်းကောင်းကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး ။
ဒီလို အပြုအမူတွေရှိတတ်ပြီး ကိုယ်ကို ကော ၊ သူများကို ပါ နာကျင်အောင်လုပ်တတ်ပါသေးတယ်။ ဒါကြောင့်အန္တာရာယ် ရှိတဲ့ Discorder တစ်ခုဖြစ်ပါတယ်။
ဒီအရာကိုကျွန်တော်မပြောခင် Dopamine လို့ခေါ်တဲ့ Neuro Chemical ၊ တစ်နည်းအားဖြင့် ပျော်ရွင်မှု ၊ ခံစားချက်ကောင်းတာတွေကို ပေးတဲ့ Hormone တစ်ခုဖြစ်ပါတယ်။ Dopamine ကို ရယူတဲ့နေရာမှာ Short - term ကနေယူပြီး Dopamine Lv ကိုထိုးတက်စေတဲ့ နေရာတွေက Dopamine Unit တွေကို Collect လုပ်သလား နဲ့ Long termတွေကို စဉ်းစားပြီးပုံမှန် Management လုပ်ပြီးတော့ သွားလားက အများကြီးမူတည်နေပါတယ်။ ဒါကကျွန်တော်အရင်က တင်ခဲ့တဲ့ Self Motivation နဲ့လဲ အများကြီးသွားပက်သက်မူရှိနေပါတယ်။ ဆိုတော့ ဒီနေရာမှာ ကျွန်တော် လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်။ Mental Masterbation လို့ခေါ်တယ် ၊ ဒီအရာက Imagination နဲ့ အများကြီးဆိုင်ပြီးတော့ Dopamine ပမာဏကို အများကြီးထုတ်ပြီးတော့ Motivation ဆိုတဲ့အရာကိုဖြစ်စေတယ်။ ဒီလို ကိုယ်ဘာသာထိန်းချုပ်နားလည်ပြီးထုတ်လွတ်နိုင်စွမ်းရှိတာကို Self Motivation လို့ခေါ်တယ်။
တစ်နည်းအားဖြင့်တော့ စိတ်အာသာဖြေတယ်ပေါ့။ ဟုတ်ပါတယ်.... ခင်ဗျားက Imagination ကိုသုံးပြီးတော့ ခင်ဗျားရဲ့ အရှိကို လှည့်စားပြီးတော့ လုပ်ယူတဲ့နည်း ...( ဥပမာ - စက္ကန့်ပိုင်းစား Video တွေထိုင်ကြည့်ပြီး ဖီးတက်သွားတာမျိုး ၊ ကိုယ်က စိတ်ကူးထဲမှာ ဇတ်လမ်းမျိုးစုံ ဖမ်းတီးပြီးတော့ အဲ့ထဲက MC ဖြစ်သွားတဲ့ ခံစားချက် ၊ နောက်ပြီး ကိုယ်သဘော ကျတဲ့ သရုပ်ဆောင်ဖြစ်သွားသလိုမျိုး ခံစားချက် ၊ အဲလို စိတ်ကူးတွေယှဉ်ဖီးတွေဆောင့်တင်ပြီးဝောာ့ Mental Masterbation လုပ်ကြတယ် ၊ ဥပမာ စောက်ရမ်းခက်တဲ့ သချာ်ပုစ္ဆာတွေ ဖြေရှင်းနိုင်တာ ၊ သူများတွေ မလုပ်နိုင်ဘူးဆိုတဲ့ အရာတွေကို လုပ်နိုင်သွား တဲ့အခါ ငါက ဆရာကြီးတယ် ၊ အတော်ကြီးမြတ်ပါလား ? စတဲ့ခံစားချက် တွေနဲ့ ကိုယ်ရဲ့ Confidence ကိုမြင့်လိုက်တာ ၊ နောက်လုပ်မယ့်ကိစ္စအတွက် Motivation ဖမ်းတီးလိုက်တာ ၊ Dopamine ကို ဆောင့်တင်လိုက်တာ ) ကို ကျွန်တော်တို့က Mental Masterbation လို့ခေါ်တယ်။ Dopamine Hack တာလို့လဲခေါ်တယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ Pleasure နဲ့ Pain ဆိုပြီးရှိတယ်။ ဒီအရာကနေပြီးတော့ Dopamine က ဖြစ်ပေါ်လာတာပါ ။ ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ ခန္ဓာကိုယ် တစ်ခုလုံးကို ချိတ်ဆက်ထားတဲ့ nervous System တွေရှိပါတယ်။ အဲ့နေရာမှာ Dopamine တွေ အနည်းနဲ့အများ ရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ အပြင်မှာ Pain ကို ခံစားရရင် ဦးနှောက်က အတော်လေး ကို Damage သွားထိပါတယ် ၊ ဘာဖြစ်လို့လဲ နာတယ်ဆိုတာကို Nervous System ကတစ်ဆင့် ဦးနှောက်က သိလို့ပါ။ ဒါအပြင် အခြားနာကျင်မှုတွေဖြစ်တဲ့ Heart Break ဖြစ်တာတွေ က အစပေါ့ ။ ဒါမဲ့ တစ်ခုသိရမှာက ကျွန်တော်တို့ ဒီအရာကြီးကို ခံစားလာရရင် ဦးနှောက်က Pleasure ဆိုတဲ့အရာက ပြန်ထုတ်လုပ်ပေးပါတယ်။ မယုံဘူးဆိုရင် ခင်ဗျား နံရံကို လက်သီးနဲ့ထိုးကြည့် .. ခင်ဗျား ပြန်ခံစားရမှာက နာကျင်မှုလို့ထင်လေ့မယ့် ဒါမဲ့ နေ့တိုင်းထိုးကြည့် ဒါက နာတယ်လို့ တောင် ပြောလို့မရတောဘူး.. ဒါက ပုံမှန်ဖြစ်လေ့ဖြစ်ထ လုပ်ရိုးလုပ်စဉ်ဖြစ်သွားတာ ခင်ဗျားအနေနဲ့ လုံး၀သတိထားမိမှာက အတွင်းထဲမှာ Pain ကိုမခံစားရတော့မှာဘဲ။ ဟုတ်ပြီ ဒီတိုင်းဘဲ ၊ ခင်ဗျားသာ အပြင်မှာ Pleasure တွေ ရှာနေရင်ရော ? အထဲမှာ ဘာဖြစ်မလဲ ? အတိအကျဘဲ Pain.. ခင်ဗျားတို့က အပြင်မှာ Pleasure ဖြစ်စေမယ့်အရာတွေဖြစ်စေတဲ့ လိင်ဆက်ဆံတာ ၊ မူးယစ်ဆေးသုံးတာ ၊ Club တက်တာတွေ လုပ်တာ များလာတဲ့အခါ ခင်ဗျားရဲ့ အတွင်းက စိတ်မှာ အရှင်းဆုံးထောက်ပြရရင် Soul ပေါ့ ... မပျော်တော့ဘူး ... ၊ အဲ့အချိန် ကျွန်တော် သုံးသုံးနေကျ Self Awareness ဆိုတာကြီးက ၀င်လာတယ် ၊ ငါလုပ်နေတာကြီးတွေကကမဟုတ်သေးပါဘူး ၊ ငါရုန်းထွက်မှ ဖြစ်မယ် ။ ဒါမဲ့ ခင်ဗျားက ကျွန်တော်အပေါ်ဆုံးမှာပြောခဲ့သလို Dopamine Unit အများကြီးရတဲ့နေရာက ယူထားပြီးပြီး။ ပြန်ရုန်းထွက်ဖို့ခက်နေပြီ ...
ဒါဆို Drake ခင်ဗျားပြောတာ စောက်အဓိပ္ပာယ်မရှိဘူး? Dopamine ကို Short - term နေရာက Pleasure တွေယူရင် အဲ့တာကို ဦးနှောက်က ထပ်တလဲလဲ တောင်းဆိုဝာယ်ဆိုရင် ခင်ဗျားပြောတဲ့ Pain ကကော ? ဟုတ်ပါတယ် ။ ကျွန်တော်တို့ Dopamine ကို Short - term pleasure တွေက ယူတဲ့အခါ ဖြစ်လာတာက Additions စွဲလန်းမူဆိုတဲ့အရာပါ။ ဒါပေ့မဲ့ ဒီအရာကို တောင်းဆိုနေတဲ့ နေရာက Subconscious mind ( မသိစိတ် ) ကပါ။ Pain ကတော့ Conscious mind ကို Damage သွားပေးတာပါ ။ ဒါကြောင့် သိစိတ်က မကောင်းတာ ကို သိနေပေ့မယ့် ဆက်လုပ်ဖြစ်နေတယ်ဆိုတာ .... သဘောပေါက်မယ်ထင်တယ်။
တစ်ခုသိရမှာက Long- term Pleasure တွေကို ခင်ဗျားက ရွေးမယ်ဆိုရင်တော့ ခင်ဗျား ရွေးမယ်ဆိုရင်တော့ ခင်ဗျားရဲ့အတွင်းမှာ Pain ကိုခံစားရမှာမဟုတ်ဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ Workout လုပ်တာကြီးတွေ ၊ Self Study လုပ်တာတွေက မုန်းစရာကောင်းပြီးနေ့တိုင်းလုပ်ဖို့မလွယ်တာမို့ပါ ။ ဒါကြောင့် ခင်ဗျားတို့ရဲ့အတွင်းမှာ အလုပ်တစ်ခုပြီးမြှောက်တိုင်း Pleasure တွေကို ခံစားရမှာပါ။ ဆိုတော့ ကိုယ်ရဲ့ Impulse ကို ထိန်းချုပ်ဖို့ဆိုရင် ပထမဦးဆုံးကခင်ဗျားအနေနဲ့ Dopamine Unit များတဲ့အရာတွေကို လုပ်တော့ မယ်ဆိုရင် ကိုယ်ရဲ့စိတ်အလိုဆန္ဒကို လိုက်တော့မယ်ဆိုရင် ပထမဦးဆုံး STOP ( Deep Breath ) Think ( ကိုယ်က ဒီအရာလုပ်လိုက်ရင် စွဲလမ်းမူဖြစ်လာနိုင်လား? Dopamine ဘယ်လောက် ထွက်နိုင်လဲ? ဒါက တကယ်ကော လုပ်ဖို့ လိုအပ်ရဲ့လား? ) Start (ဆုံးဖြတ်ချက်ချပြီး လုပ်ရုံပါဘဲ ) အဓိက Impulse Control ကို ဖြတ်ရခက်နေတာက Dopamine Unit များတဲ့အရာတွေကို စိတ်အလိုလိုက်မိပြီး Addicted ဖြစ်ပြီး ဖြတ်ရခက်နေတာပါ။ ဒီထဲသုံးထားတဲ့ အရာတွေကို ခေါင်းစဉ်ပြန်ခွဲပြီးအကျယ်လဲ ကျွန်တော်ပြန်တင်ပေးပါ့မယ်။ အောက်က Group တွေထဲမရောက်သေးရင် လာပြောပါ။ တကယ်တော့ ရှေ့လကတည်းက ကျွန်တော်တို့တင်နေတာပါ
Let's explore about our Emotional Connection!!!
Emotional Connection လုပ်တယ်ဆိုတာက ကိုယ်ရဲ့ Products ကို အတင်း စွတ်ရောင်းတာမျိုးမဟုတ်ဘဲ။ Strategies ကျကျ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ Emotional ဆိုတာက ဆုံးဖြတ်ချက် တစ်ခုချဖို့အတွက် အဓိက နေရာဖြစ်ပြီးတော့ ဒီ Emotional အပြောင်းအလဲလေးကြောင့်ဘဲ ကျွန်တော်တို့ ပစ္စည်းတစ်ခုကို ၀ယ်ချင်မ၀ယ်ချင် / ကိစ္စတစ်ခုကို လုပ်ချင်မလုပ်ချင် ဆုံးဖြတ်ကြပါတယ်။ ဒါဆို ခင်ဗျားက အခြားလူရဲ့ Emotional ကို ထိန်းချုပ်လို့ရတယ်ဆိုရင်ကော ? ထိန်းချုပ်လို့မရခဲ့ရင်တောင် ချိတ်ဆက်မိနိုင်ခဲ့တယ်ဆိုရင်ကော ?
ဒါဆို ဒီလို Startegies ကျကျလုပ်ဆောင်ဖို့အတွက် ခင်ဗျားအနေနဲ့ ကိုယ်ရဲ့ ကြေငြာတွေကို Storytelling ပုံစံမျိုးသွားဖို့လိုပါတယ်။ ကိုယ်ရောက်နေတဲ့နေရာ ၊ ကိုယ် Products နဲ့ဆိုင်တဲ့ ၊ ကိုယ်လိုချင်တဲ့ Audience ကို သေချာလေး သတ်မှတ်ပြီးတော့ ကြေငြာမျိုး လုပ်သင့်ပါတယ်။ ကျွန်တော်သုံးထားတဲ့ ပုံတွေကို တစ်ချက်ကြည့်လိုက်ပါ။
UK ကောင်လေးက ကောင်မလေးကို “ I Don't Love you anymore ” ဆိုပြီး သုံးလိုက်ပါတယ်။
နောက်ပြီးအောက်နားမှာ For your Next Step ဆိုပြီး လုပ်ထားပါတယ်။ ဒါက အမျိုးသမီး Audience တွေကို ဦးတည်တဲ့ Ads မျိုးဖြစ်ပြီးတော့ သေချာပါတယ်။ For your Next Step ကိုလာတဲ့ လူတွေက စိတ်မလုံခြုံမှု ၊ အသဲကွဲနေတဲ့အမျိုးသမီးတွေ ၊ ဖောက်ပြန်ခံရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်သည်အမျိုးသမီးတွေ ဖြစ်ပါလေ့မယ်။ ဒီ တစ်ချက်နဲ့တင် ကျွန်တော်တို့က Audience ရဲ့ Pain point , Motivation , preference တွေကို ခင်ဗျားက ကြိုသိနေပါပြီ။ ဘာကြောင့်သူတို့လာဖို့သေချာတာလဲဆိုရင် တော့ Color Psychology ကြောင့်ရယ် / Storytelling ကြောင့်ရယ်လို့ဘဲဆိုရမှာပါ။ ဒါဆိုရင် Emotional Connection စလုပ်လို့ရပါပြီ တစ်ဖက်လူရဲ့ ခံစားချက်ကို အကောင်းဆုံး နားလည်ပေး နားထောင်ပေးပြီး တော့ ကိုင်တွယ်ပေးတာ အကောင်းဆုံးနည်းတစ်ခုဖြစ်ပြီး အပေါ်ကပြောသလို အမျိုးသမီးအများစုက အသဲကွဲလာတယ် ဖောက်ပြန်ခံလာရတဲ့အခါ ရင်ဖွင့်ချင်ပါတယ်။ အဓိက Good Listener ကောင်းတစ်ယောက်ဖြစ်လိုက်ပြီးတော့ ကိုယ်ရဲ့ Brand Story လေးနဲ့ သူက ကိုယ်ရဲ့ ဒီ Brand Journey က တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းကို သေချာလေး ပြောသွားလို့ရပါတယ်။ ( ဥပမာ သူတို့ Brand က ဒီ အမျိုးသမီးတွေအတွက် လုံခြုံ စိတ်ချမှုပေးနိုင်တဲ့ နေရာတစ်ခုဖြစ်ကြောင်း ) နောက်ဆုံးမှာ ခင်ဗျားကို ကျေးဇူးပါ လို့ ပြောပြီး ခင်ဗျား Products ကို၀ယ်မယ့်အပြင် လုံး၀ကို Loyalty Customer တစ်ယောက် ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ Connection တစ်ခုဖြစ်သွားလို့ပါ။ အဓိက ခင်ဗျား အနေနဲ့ Products တွေကို ရောင်းနေတာတွေကို Focus လုပ်မယ့်အစား Customer Emotional ကို Focus ထားဖို့အရေးကြီးပါတယ်။
What is Butterfly Effect???
What if.... ဆိုတဲ့ စကားက ဒီ Social Media မှာကော ကျွန်တော်တို့ ဇာတ်ကားတွေထဲမှု အသုံးများပါတယ်။ ဥပမာ - ကျွန်တော် တို့ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ spider man က ပင်ကူအခန်းထဲ မ၀င်ခဲ့ဘူးဆိုရင် ၊ နောက်ပြီး ဂျပန်နိုင်ငံ Kuroko မြို့ကို ဗုံးကြဲချရန် စီစဉ်ခဲ့တဲ့ အချိန် ကိုပြန်သွားကြည့်ရ အောင်။ အဲ့နေ့မှာ Kuroko မြို့က တိမ်ထူတာကြောင့် သုံးကြိမ် ဝဲပျံရင်း အဆင်ပြေတဲ့ Nagasaki မြို့ကို ပစ်မှတ်ထားခဲ့တာပါ။ ဒီတိမ်ထူတယ် ဆိုတဲ့အကြောင်းပြချက် လေးတစ်ခုကြောင့် လူပေါင်းများစွာ ရဲ့အသက်တွေက အပြောင်းအလဲ တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီ Theory ကို စတင်ခဲ့တဲ့ လူက မိုးလေ၀သပညာရှင် ( Edward Lorenz ) သူရဲ့မိုးလေ၀သ ဆန်" မိန့်ခွန်းတစ်ခုဖြစ်တဲ့ “ အမေရိကန်က လိပ်ပြာတစ်ကောင်ရဲ့တောင်ပံခတ်သံကြောင့် ဘရားဇီး မှာ တိုက်ဖုန် မုန်တိုင်းတစ်ခု ဖြစ်စေ နိုင်တယ် ” ဆိုတော့ သက်ရောက်မှု သေးသေး လေး တွေက ကြီးမားတဲ့သက်ရောက်မှု အသွင် ကို တစ်ဖန် ဖြစ်ပေါ်စေတယ်။ ဒါပေ့မဲ့ အချိန်တစ်ခုတော့လိုတယ်။ ကျွန်ဝောာ် တို့က အဲ့အချိန် ကို မယုံဖူးဆိုရင် ဖြစ်စေ ၊ လက်မခံနိုင်ဘူး ဆိုရင်ဖြစ်စေ ၊ ကြီးမားတဲ့ သက်ရောက်မှု တွေလာတဲ့ အခါ ဘာကြောင့် ဖြစ်တာ လဲဆိုပြီး ဖြစ်နေ လေ့မယ်.... သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိပါတယ်။ ခင်ဗျားအနေနဲ့ Awareness တစ်ခုရှိဖို့ နဲ့ သည်းခံတတ်ဖို့ လိုပါ့မယ်။ ဒါကြောင့် ကျွန်တော် Content တွေမှာ ကြိုးစားတိုင်း မအောင်မြင်ဖူးဆိုတဲ့ စကားကို ကျွန်ဝောာ် အယုံအကြည်မရှိပါဘူး။ ခင်ဗျားစိုက်ထုတ်လိုက်တဲ့ အားတစ်ခု ၊ သူများတွေ နဲ့မတူ ကြိုးစား မှု ၊ စွန့်စားမှု တွေက တစ်ချိန် ကိုယ်ဆီ ပြန်လာမှာပါ။ ဒါပေ့မဲ့ အနည်း / အများ ဆိုတာ လေးဘဲ ကွာသွားဝာာပါ။ ခင်ဗျားက ကွမ်းသီးလောက် ကြိုးစားထားပြီး ၊ နှမ်းစေ့လောက်ပြန်ရရင် လောကကြီး သွားအပြစ်တင်လို့မရဘူး။ ဒါဆို Drake ဘယ်လို့ မျှမျှတတ ကျွန်တော်တို့ ပြန်မရရတာလဲ ?
ခင်ဗျားတို့ ရပြီးသားပါ ... ကိုယ်လူတို့ ခင်ဗျားတို့ကွမ်းသီးလောက်ကြိုးစားလိုက်တာမှန်ပါတယ်။ နှမ်းစေ့လောက် ရတာ က အကျိုးရလဒ်လေ တစ်နည်းပြောရရင် မပြောစလောက်အောင်မြင်မှုပေါ့ ... အဲ့တာ ကြောင့်ဘဲ နှမ်းစေ့ လောက် ဘဲ ပြန်ရတာ ပြောနိုင်တာလေ ။ ဟုတ်ပြီ ဒါမဲ့ ခင်ဗျား ကွမ်းသီးလောက် ရှိတဲ့ နှမ်းစေ့ ပမာဏ အများကြီးပြန်ရတာ ကော ခင်ဗျားခံစားမိလား? ဒါပေါ့ ခင်ဗျားတို့က အောင်မြင်မှုဆိုတဲ့ အတ္တ တစ်ခုထဲကိုဘဲ ကြည့်တာကိုးဗျ။ ခင်ဗျား ကွမ်းသီလောက်ကြိုးစားတုန်း ရှုံးနိမ့်မှုတွေ ၊ အမှားတွေက နေရတဲ့ သင်ခန်းစာ တွေကိုကော ခင်ဗျား မခံစားမိဖူးလား? ဒီမှာ မှတ်ထားဗျ ၊ လောကကြီးမှာ အရှုံး ဆိုတာမရှိဘူး။ ကျွန်တော်တို့ အားတစ်ခု စိုက်ထုတ်တိုင်း ယူစရာ နှစ်ခုရှိတယ် .... မဖြစ်စလောက် ပြန်ရတဲ့ အောင်မြင်မှု နဲ့ အမှားတွေရဲ့ သင်ခန်းစာ တွေဖြစ်ဝာယ်။ ဝာစ်ခါတစ်လေ မဖြစ်စလောက်အောင်မြင်မှု တွေတောင် ရမှာမဟုတ်ဖူး။ ဒါမဲ့ ကျွန်ဝောာ် ခင်ဗျားတို့ ခေါင်းထဲ ရိုက်သွင်းချင်တဲ့ Philosophy တစ်ခု တွေးစေချင်တာ .... ခင်ဗျားတို့ တစ်ခုခုဖြစ်တိုင်း လောကကြီးကို အပြစ်သွားတင်တာ ခင်ဗျားတို့ကို မြေပေါ်တင်ပေးထားတဲ့ ကောင်ကြီးကို သွားအပြစ်တင်တာ တစ်ခုခု ပြဿနာတက်တိုင်း မြေဩဇာဖြစ်ချင်နေကြတာ .... အရှုံးဆိုတာ တကယ်ရှိလို့ လား? ခင်ဗျားမှာ လောကကြီးထဲမှာယူစရာတွေကြီးဘဲ။ ကံကောင်းရင် ခင်ဗျားရဲ့ Effort တွေက ခင်ဗျားထင်တာထက် ပို ရနိုင်အုံးမှာ... ဒါကြောင့် ဘာလို့ ဖုန်းကို ကြည့်နေသေးတာလဲ ? ဘာလို့ ငါမလုပ်နိုင်ဘူးထင်နေရတာလဲ ? အမှားတွေလုပ်နေတာ ၊ ကြိုးစားနေတာထက် ဘာမှမလုပ်ဘဲ ဖုန်းဘဲ ထိုင်ကြည့်နေတဲ့ ခင်ဗျားတို့က မှ တကယ်ရှုံးနေတာ ....
Let's explore about our Emotional Connection!!!
Peer Pressure ဆိုတာကို အနားလည်ဆုံး ရှင်းပြရမယ်ဆိုရင် လူအများ လုပ်ဖို့ ၀န်လေးနေတဲ့ ကိစ္စတွေ ပါ၀င်ဖို့ခက်တဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့အနေနဲ့ စကားလုံး တွေသုံးပြီးတော့ လွှမ်းမိုးဖိအားပေးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနည်းက Brainwash လုပ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာရှိလို့နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဓိက ကျွန်တော်တို့နဲ့ ရွယ်တူ ၊ အတန်းတူ ၊ ကျွန်တော်တို့နဲ့ထိတွေ့နေတဲ့ အနီးကပ်အုပ်စုတစ်ခုက ကျွန်တော်တို့ကို ချည်းကပ်ပြီး သူတို့ လုပ်စေချင်တဲ့အရာတစ်ခုကို ပါ၀င်အောင် ၊ လုပ်အောင် တွန်းအားပေး Brainwash တာဖြစ်ပါတယ်။
ကျွန်တော်ဘာလို့ Brainwash လို့သုံးတာလဲနဲ့ ဒီ နည်းဗျုဟာရဲ့ အတွင်းကျကျ ရှင်းပြ ဥပမာပေးရမယ်ဆိုရင်.... ကျွန်တော်တို့ ကျောင်းသားဘ၀မှာ ငယ်ငယ်က တွန်အားပေးခံရမှုလေးတွေ ရှိလို့နေပါတယ် ၊ အဲထဲမှာမှသိပ်အပြစ်မတင်တဲ့ တွန်အားပေးမှု တစ်ခုကိုပြောပါဆိုရင် သူငယ်ချင်းတွေရဲ့တွန်အားပေး လှုံဆော်မှုတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းက ဒီဆေးလိပ်လေးသောက်ကြည့်ပါလား ? ဒါသောက်တာက ငါကြည့်တဲ့ဇတ်ကားထဲကကောင်လိုမျိုး Vibes မျိုးရတယ် ? အေးမင်းလဲအဲ့ကားကြည့်တယ်မဟုတ်လား? အတော်နည်းပါးတူတယ်ကွ ! အော် အေး တစ်မွှာလောက်ကွ ! မင်းသေချာရဲ့လား? ငါသိပ်တော့အားမပေးဘူးနော် ဒါမဲ့ လူတိုင်းက ကိုယ်ရွေးချယ်မှုနဲ့ကိုယ်ရှိသင့်တယ်မလား? ဒါက Peer Pressure လို့ ပြောလို့တော့မရသေးဘူး ။ ဒါက Brainwash ဦးနှောက်ဆေးတာ သက်သက်ဘဲရှ်အုံးမယ် ကျွန်တော်အပေါ်က ဥပမာမှာ ကောင်လေးရဲ့ စိတ်မှာ ဒါငါရွေးချယ်မှုဆိုတဲ့ ဟာက စွဲသွားလေ့မယ်။ ဒါကသူတာ၀န် သူရွေးချယ်တဲ့လမ်းဆိုတဲ့ ပုံစံမျိုးပေါ့။ ဆိုတဲ့အခါ နောက်အခါ ကြီးလာတဲ့အခါ Conversation တွေမှာ မင်းကို ဆေးလိပ်သောက်တတ်အောင် ဘယ်သူဖျက်တာလဲဆိုရင် သူခေါင်းထဲမှာက သူရွေးချယ်ခဲ့သလိုလိုစိတ်ကြီး ၀င်နေ လေ့မယ်။ ဒါကြောင့် ဒီနည်းက Brainwash လို့ခေါ်တာဖြစ်ပါတယ်။ တစ်နည်းပြောရရင် အပေါ်က ဇာတ်ကားထဲကလိုကောင်မျိုးဖြစ်ဖို့တွန်းအားပေးလိုက်တာမျိုး တကယ်လက်တွေ့မှာကျ အဲ့ထက်နည်းနည်းလေး Dark ဖြစ်တယ်ပြောရမယ်
ဒီလိုပုံစံမျိုး အုပ်စုလိုက်ဖြဲတာ ၊ တွန်းအားပေးတာမျိုးတွေရှိတယ်၊ နောက်ပြီးကျွန်တော်အပေါ်ကပြောသလို Brainwash တာလေးက နောက်ကလိုက်လာတယ်။ ဆိုတော့ ဒီနည်းက ငယ်ငယ် က ဒါနဲ့အလားတူတွေ ကြုံဖူးမှာပါ။ ဒါမဲ့ Peer Pressure တိုင်းက မကောင်းတာတော့မဟုတ်ပါဘူး။ လမ်းမှန်ရောက်အောင် ပြန်ပြီး တွန်အားပေးတာမျိုးတွေ လဲ ရှိပါတယ်။ ဒီနည်းကို အကောင်းဆုံး ကာကွယ်ခြင်းက ဂရုမစိုက်ခြင်း ဆိုတဲ့ နည်းတစ်ခုဘဲ ရှိပါတယ်။