Spiritual Development

Courses // Spiritual

Our

Development Lessons

Let's explore about Spiritual Development

What is

Spiritual Development?


Spiritual လို့ပြောတဲ့အခါ လူအများစုက နားမလည်ကျပါဘူး။ Spirit ဆိုတာကတော့ စိတ်လို့အဓိပ္ပာယ်ရပါတယ်။ Spiritual Development ဆိုတော့စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲခြင်းလို့ဆိုနိုင်ပါတယ်။ Mentalနဲ့ Spiritualက စကားလုံးဆင်ပေမယ့် အဓိပ္ပာယ်မတူပါဘူး။ အကာအနှစ် ခွဲတဲ့အခါ Mentalကအကာ၊ Spiritualက အနှစ်ဆိုပြီးကွဲသွားပါတယ်။ အကာဆိုတာက Mind ရဲ့အပေါ်ယံဖြစ်တည်မှုကို လေ့လာပြောင်းလဲခြင်းလို့ဆိုနိုင်ပြီး အနှစ်က Mind ရဲ့ General ယေဘုယျဖြစ်တည်မှု ကိုလေ့လာပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် Spiritual Development ဆိုတာက စိတ်ရဲ့အတွင်းပိုင်းဖြစ်တည်မှုကို လေ့လာပြောင်းလဲခြင်းလို့ ဆိုနိုင်ပါတယ်ခင်ဗျာ။

Importances of

Spiritual Development


ယနေ့ခေတ်ဖြစ်ပွားနေတဲ့ ကမ္ဘာလုံးဆိုင်ရာ Global Issues, Environmental Issues, Social Issues တွေက စိတ်ရဲ့ဖြစ်တည်မှုကို နားမလည်တာကြောင့် ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ မသိလိုက်တဲ့အချိန်စက္ကန့်တိုင်းမှာ လောဘကြီးတာ ‌‌ဒေါသထွက်တာစတဲ့ emotions တွေ ဖြစ်ပေမယ့် သတိမမူမိကြပါဘူး။ ဇာတ်ကားကြည့်တာကြာရင် ကိုယ်တိုင်ဇာတ်ကောင်တစ်ကောင်လို ခံစားမိကြသလို သတိမထားမိတာများတော့ သဲနဲ့မြေရောသလို စိတ်နဲ့ကိုယ်တစ်သားတည်း ဖြစ်သွားပါတယ်။ ဒီလိုဖြစ်တာက တစ်ယောက်တည်းအနေနဲ့ကြည့်ရင် မသိသာပေမယ့် Globally ကြည့်ရင် အထက်ဖော်ပြပါ issues တွေကိုဖြစ်စေပါတယ်။ စိတ်ကဦးစီးနေတော့ ဒေါသထွက်ရင် ကိုယ့်အမှားကို ကိုယ်မမြင်ဘဲ “ငါစိတ်ဆိုးတယ်”။ လောဘတက်လာရင် “ငါရသင့်တယ်” ဆိုပြီး တစ်”ငါ” “ငါ”နဲ့ အတ္တဝါဒလွှမ်းမိုးလာပါတယ်။ “ငါ”တွေများလာတော့ ကိုယ့်ထက်သာသူ”မလို၊ သူ့ထက်သာကိုယ်မလို တွေဖြစ်လာတဲ့အတွက် လူတွေအကြား အကြင်နာတရားခေါင်းပါးလာပြီး “ငါ”ရရင်ပြီးရော၊ သူသေရင်သေ၊ “ငါ”မငတ်ဖို့အရေးကြီးတယ်လို့ ထင်လာကြပါတယ်။ ဒါကြောင့်ဘဲ Poverty, Wars, Global Warming စတာတွေဖြစ်လာတော့ပါတယ်။ “သတိတစ်လုံးအမြတ်ဆုံး”ဆိုတဲ့ Spiritual Development က ဒီအရာတွေကြောင့်ပဲ အရေးကြီးတဲ့ကဏ္ဍအနေနဲ့ တည်ရှိခြင်းဖြစ်ပါတယ်ခင်ဗျာ။

Our

Spiritual Course


ကျွန်တော်တို့ ဒီ website မှာကတော့ Spiritual Course အနေနဲ့ အပိုင်းသုံးပိုင်း တင်ဆက်ပေးထားပါတယ်ခင်‌ဗျာ။ ပထမအပိုင်းအနေနဲ့ စိတ်ရဲ့အခြေခံဖွဲ့စည်းပုံနဲ့ ဖြစ်ပေါ်ခြင်းအကြောင်း၊ ဒုတိယပိုင်းမှာတော့ Good Mind, Bad Mindတွေ အကြောင်း၊ တတိယပိုင်းမှာတော့ဖြင့် Mind Controlling နည်းစနစ်များကို ခွဲခြားတင်ပြပေးထားပါတယ်ခင်ဗျာ။

1. Our

Mind

Let's explore about how does our mind work!

Lesson Intro


Mind Lesson အနေနဲ့ အပိုင်းနှစ်ပိုင်းပါဝင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ပထမပိုင်းအနေနဲ့ Formation of Mind နဲ့ Foundation of Mind၊ စိတ်ဖြစ်ပေါ်လာပုံနဲ့ စိတ်ဖွဲ့စည်းပုံကို တင်ပြပေးထားပါတယ်။

Foundation of

Mind


ကျွန်တော်တိုလူသားတွေမှာ ရုပ်နဲ့နာမ်ဆိုပြီးနှစ်မျိုးရှိပါတယ်။ ရုပ်ကတော့ ကျွန်တော်တိုPhysicalပိုင်းကိုပြောတာဖြစ်ပြီး နာမ်ကတော့ Mindဆိုတဲ့စိတ်ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တိုရဲ့စိတ်မှာ Original Mind(သိစိတ်)နဲ့ Additional Mind(ဝေဖန်လိုစိတ်)ဆိုပြီး နှစ်မျိုးခွဲထားပါသေးတယ်။ ဒါကိုပြောရမယ်ဆိုရင် အာရုံခံငါးပါးကနေစပြီးပြောရပါမယ်။ထိုအာရုံခံအင်္ဂါ ငါးပါးကတော့ Eye ဆိုတဲ့ အဆင်းအာရုံခံ တနည်းအားဖြင့်ပြောရရင် မျက်စိ၊ Earဆိုတဲ့ အကြားအာရုံ မြန်မာလိုဆို နား ၊ Nose ဆိုတဲ့အနံ့ခံအာရုံ နှာခေါင်း ဖြစ်ပြီး ၊ Tongueဆိုတဲ့အရသာအာရုံခံ လျှာဖြစ်ပြီး Skinဆိုတဲ့အထိအတွေ့အာရုံတွေပဲဖြစ်ပါတယ်။ Original Mind ဆိုတာကတော့ ကျွန်တော်တို အနီးစပ်ဆုံးပြောရရင် ဖုန်းတစ်လုံးကိုတွေ့တယ်။ မျက်လုံးကဖုန်းရဲ့အဆင်းကိုအာရုံခံပြီးတော့ပေါ်လာတဲ့စိတ်ကိုပဲ Original Mind လိုခေါ်ပါတယ်။ဒါပေမယ့်ဘာအရောင်ဘာပစ္စည်းဆိုတာမသိပါဘူး။ ဒီProcessအကုန်လုံးကို Additional Mind က ဆန်းစစ်ပေးပါတယ်။ဒါဆို ဘာပစ္စည်း ဘာအရောင် စသည်ဖြင့်ဆိုပြီး ကောင်းတယ်မကောင်းဘူးဆိုပြီးဝေဖန်ပါတော့တယ်။

Formation of

Mind


Personal Development

Mindကတော့ ရုပ်တွေရဲ့ဓါတ်ပြုမှုကြောင့်စိတ်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ စိတ်ဆိုတာက စိတ္တဆိုတဲ့စကားလုံးက ဆင်းသက်လာခြင်းဖြစ်ပြီး ရုပ်ပေါ်မှီ၍ ဖြစ်ပေါ်သောသဘာဝတရားလို့ အဓိပ္ပာယ်ရပါတယ်။ ရုပ်တွေမှာအာရုံခံအင်္ဂါတွေအတွက်အာရုံငါးပါးရှိပါတယ်။ အာရုံငါးပါးမှာ အဆင်း၊အနံ့၊အသံ၊အရသာ၊အထိအတွေ့ အာရုံတွေပဲဖြစ်ပါတယ်။ မျက်စိအကြည်လွှာနဲ့ အဆင်းရုပ်နဲ့ထိတွေ့ဓါတ်ပြုတဲ့အခါ မြင်သိစိတ်ဖြစ်လာပါတယ်။ ဒီပုံစံနဲ့ပဲအခြားအာရုံခံစိတ်တွေလည်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီသိစိတ်တွေကတော့ ဒါကဘာပစ္စည်း၊ဘာအရောင်၊ကောင်းတယ် မကောင်းဘူးဆိုပြီး သိတာမဟုတ်ပဲ အာရုံတွေကိုပဲသိရုံသိတာဖြစ်ပါတယ်။ ဒီအရာကိုဆင့်ခံပြီးထပ်ပေါင်းစိတ်ဆိုတာဖြစ်ပေါ်လာပါတယ်။ ထပ်ပေါင်းစိတ်ကတော့ ဒါဖြူတယ်မဲတယ် ကောင်းတယ်မကောင်းဘူး ချိုတယ်ချဉ်တယ် စသည်ဖြင့်ခွဲခြားပါတယ်။ ဒါကတော့စိတ်ရဲ့ Formationဖြစ်ပေါ်လာတဲ့ပုံစံပဲ ဖြစ်ပါတယ်။

2. Good Mind &

Bad Mind

Let's explore more about our Mind!

Good

Mind


လူတွေမှာဆိုရင်တော့ စိတ်ကောင်းရှိဖိုကအရေးကြီးပါတယ်။ ဒီနေရာမှာ စိတ်ဆိုတာကတော့ Additional Mind ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ လူတွေက သူတိုရဲ့ Additionalစိတ်စေခိုင်းသမျှကိုလုပ်နေကြခြင်းပဲဖြစ်ပါတယ်။ Original Mind ကတော့သိရုံပဲသိတာဖြစ်လို့ မထူးခြားပေမယ့် Additional Mind တွေကိုတော့သတိထားရပါမယ်။ Daily Routineတွေမှာဆိုရင်လည်း အိပ်ချင်တယ်၊စားချင်တယ်၊သောက်ချင်တယ်၊ဆော့ချင်တယ် စတဲ့ Additional Mind ရဲ့စေခိုင်းသမျှကိုလုပ်နေကြတာဖြစ်ပါတယ်။ဒီတော့တွေးတဲ့စိတ်ကကောင်းမှသာ လုပ်နေတဲ့လုပ်ရပ်တွေ စင်ကြယ်မှာပဲဖြစ်ပါတယ်။ Good Mindတွေကတော့ Empathy, Compassion, Love, Positive Thinking, Multiple Thinkingတွေပဲဖြစ်ပါတယ်။

Bad

Mind


Good Mindရှိဖိုလိုသလို Bad Mindကိုတတ်နိုင်သလောက်လျှော့ချဖိုလဲလိုအပ်ပါတယ်။ ဒါလိုမျိုးလျှော့ချဖိုဆိုရင်လည်း Bad Mind ရှိတဲ့လူတွေလုပ်တဲ့ Habit တွေကိုလည်းသိရပါမယ်။ Bad Mindလိုပြောရင် Dark Psychologyကနေပြီး Dark Personalityတစ်ခုကိုဆွဲထုတ်ဖော်ပြချင်ပါတယ်။ အာ့တာကတော့ Narcissistic personality ပဲဖြစ်ပါတယ်။ သူကတော့ အတ္တပဓာနပဲဖြစ်ပါတယ်။ ဒီထဲမှာ Grandiose နဲ့ Maglinant ရယ်ဆိုတဲ့ Personality Narcissistic Personalityအခွဲလေးနှစ်ခုကိုပြောပြပါမယ်။ Grandioseကတော့ ရပိုင်ခွင့်နဲ့ ကိုယ့်ကိုပေါ်ပုံကြီးချဲ့ကြတယ်။ လေးစားမှုနဲ့အာရုံစိုက်ခံရမှုအမြဲလိုအပ်တယ်။ အခြားလူရဲ့လိုအင်ဆန္ဒနဲ့ ခံစားချက်တွေကိုအဖတ်လည်းမလုပ်သလို အပြောအဆို၊အပြုအမူတွေကိုအထာကျကျပြောဆိုပါတယ်။ ပြီးတော့ Main Character Psychology ဝင်နေတဲ့လူတွေပါ။ နောက်ထပ် Malignant ကတော့ ရာဇဝတ်မှုတွေ တရားမဝင်တာတွေကို ကျူးလွန်ဖိုအတွက် မကြောက်ကြတဲ့လူတွေပဲဖြစ်ပါတယ်။ အစွန်းလည်းတစ်အားရောက်သလို အန္တရာယ်လည်းအလွန်ရှိပါတယ်။ သဝန်တိုတယ်၊ မနာလိုဖြစ်တယ်၊ တိုက်ခိုက်လိုစိတ်ပြင်းပြတဲ့လူတွေဖြစ်ပြီး သူတိုရဲ့သိက္ခာနဲ့အသက်နဲ့လဲရဲတဲ့လူတွေပါ။ ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေ နှုတ်အပြောအဆိုရိုင်းစိုင်းကြမ်းကြုတ်တဲ့လူတွေလည်းဖြစ်ပါတယ်။အဆိုးဆုံးကတော့ သူတိုရဲ့လူမဆန်တဲ့လုပ်ရပ်အတွက်နောင်တလည်းမရသလို စာနာမှုလည်းမရှိပါဘူး။ ဒါဆိုရင်တော့ Bad Mindကြောင့်ဖြစ်လာတဲ့ Sign တွေကိုသိပြီလိုထင်ပါတယ်။ ဒီSpritual Developmentလုပ်တဲ့အခါမှာ အနတ္တဝါဒ ကိုပြုလုပ်တာဖြစ်တဲ့အတွက် အတ္တဝါဒကို တစ်ဝက်လောက်ထိလျှော့ချရင်တောင်လိုလောက်ပါတယ်။

The bases of Bad Mind

ဗုဒ္ဓဘာသာဝင်အများစု အနေနဲ့ ဟေတု၃ပါးကို သိကြမယ်လို့ထင်ပါတယ်။ လောဘ.. ဒေါသ.. မောဟ.. တွေက Bad Mind ရဲ့ bases တွေပါပဲ။ ဒိ၃ပါးက အင်မတန် အန္တရာယ်အလွန်ရှိပါတယ်။ လောဘကြီးလာရင် လိုချင်တာကလွဲရင် ဘာမှမသိတော့သလို ဒေါသကြီးရင် အန္တရာယ်ပဲပြုချင်တတ်ပါတယ်။ မောဟများရင်တော့ အမှားအမှန်ပါမကွဲတော့တာကြောင့် Bad Mind လို့ဆိုရင် ဒီသုံးချက်ကိုသတိမူသင့်ပါတယ်။

3. Mind

Controlling

Let's learn to control our Mind!

Mind

Controlling


ကျွန်တော်တိုလူသားတွေဟာ စိတ်တွေ ခံစားချက်တွေ ရှိတဲ့အတွက် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ဖိုလိုအပ်ပါတယ်။လူအများစုက ကိုယ့်စိတ်ကို အရှုံးပေးကြပါတယ်။ Meditation လုပ်ပြီးအောင်မြင်တဲ့လူအများစုပဲကိုယ့်စိတ်ကို နိုင်ကြတာပဲြဖစ်ပါတယ်။ Spritualမှာတော့ စိတ်ကိုအပြည့်အဝမနိုင်ပေမယ့် ကိုယ်တတ်နိုင်သလောက်ထိန်းချုပ်ဖိုအတွက် သင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကိုယ့်စိတ်ကို ထိန်းချုပ်နည်း သုံးနည်းရှိပါတယ်။ ပထမတစ်ခုကတော့ Good deeds ဆိုတဲ့ကောင်းတာပြုလုပ်ခြင်း နှင့် ဒုတိယတစ်ခုကတော့ ကောင်းမှုရဲ့ကောင်းကျိုးကို မကောင်းမှုရဲ့ ဆိုးကျိုးစသည်ဖြင့် Journeling ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။တတိယတစ်ချက်ကတော့ Mind focusing သိုမဟုတ် Meditationပြလုပ်ခြင်းပဲဖြစ်ပါတယ်။

Meditation Lesson


Anapana

အာနာပါနရှုနည်းစနစ်

Meditation Lesson


Color Focusing

အရောင်ကမ္မဌာန်း

Meditation Lesson


Element Focusing

ဓါတ်ကမ္မဌာန်း