Dark Psychology

Courses // Psychology

Dark Psychological

Lessons

Let's explore Dark Psychology

What is

Dark Psychology?


Dark ( အ‌မှောင် ) Psychology ( စိတ်ပညာ ) အမှောင်စိတ်ပညာ ( တစ်နည်းအားဖြင့် လူအဖွဲ့အစည်းတွေက ကန့်သတ်ရှုံးချထား တဲ့ စိတ်ပညာ ) Psychology ရဲ့အစက William Wundt ကြောင့် ဒီစိတ်ပညာကြီးက ကြီးထွားလာတာဖြစ်ပါတယ်။ သူစတင်ခင်အချိန်ကတည်းကပဲ Psychology မှာ Light Side နဲ့ Dark Side က ရှိခဲ့ပါတယ်။ ( ဒီနေရာမှာဖြတ်ပြောချင်တာတစ်ခုက ဘယ်နေရာမှာမဆို ကောင်းခြင်း ၊ ဆိုးခြင်း ဆိုတာက ယှဉ်တွဲနေပြီးတော့ လူတစ်ယာက်ရဲ့အမြင်ကသာ ဒီအရာနှစ်ခုကို ပိုင်းဖြတ်တာဖြစ်ပါတယ် ) ဆိုတော့ ဒီပုဂ္ဂိုလ်စတင်လိုက်တဲ့ ဒီစိတ်ပညာကြီးက လူသားတွေအကျိုးပြုဖို့ အတွက် နည်းစနစ်တွေရှိလာသလို တစ်ချို့နေရာတွေမှာလည်း ဒီနည်းစနစ်ကို Reverse ပြောင်းပြန်‌နည်းပညာအဖြစ် ပြောင်လဲလာတဲ့ လူတွေလည်းရှိပါတယ်။ ခင်ဗျားအနေနဲ့ ကျွန်တော်မဖော်ပြရင်တောင် မြင်နိုင်မယ့်ဥပမာတွေအများကြီးပါ။ ( Dynamite ကိုစတင်တည်ထောက်ခဲ့တဲ့လူ Alfred Nobel ) တို့လိုပေါ့ ။ ဒါကြောင့် ဒီ Dark Psychology ကို ဖန်းတီးလိုက်တဲ့လူက William Wundt လို့ပဲ ကောက်ချက်ချလို့ရပေ့မယ့် ဒီ Psychology မှာ Dark အဖြစ်ဆုံးတွေကို စုပြီးတော့ Technique တွေကို 19 ရာစုနှောက်ပိုင်းမှာ Organization တွေက အတော်လေးအသုံးချလာကြတယ်။ ရည်ရွယ်ချက်ကတော့ The Dark Traid လို့ခေါ်တဲ့ လူသားတွေရဲ့ အမှောက်ဘက်ခြမ်းတွေအရကော ၊ လူသားတွေရဲ့ လောဘ မောဟ ပြိုင်ဆိုင်မှုတွေနဲ့ ဒီ အစိုးရရဲ့ လည်ပတ်နေတဲ့ Matrix ကြီးမှာ ချနှင်းချင်တဲ့ လူတွေက ဒီနည်းစနစ်တွေကိုအသုံးပြုလာကြတယ် ! တစ်ဖက်မှာ လည်း ဒီ Dark Psychology နည်းကို သုံးပြီး ကိုယ်ကိုပိုနားလည်အောင်လုပ်ပြီး Coaching တွေ ၊ Consultant တွေ ၊ Mental Health Service တွေကူညီနေတဲ့ လူတွေလည်းအများကြီးပေါ်ပေါက်လာတယ် ! ဆိုတော့ Dark Psychology ဆိုတာက ကိုယ်ကို ပိုနားလည်တိုးတက်လာအောင် နဲ့ တစ်ကိုယ်ကောင်းဆန်လှတဲ့ ပြီး ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတွေလို့နာမည်တပ်ပြီးလူရှေ့မှာယှဉ်ကျေး ကွယ်ရာဆဲနေကြတဲ့ ဒီလောကကြီးမှာ အကောင်းဆုံးလက်နက်တစ်ခုအဖြစ်တည်ရှိနေတယ်။ ဒီအကောင်ဆုံးလက်နက်ကို ကျွန်တော် Function သုံးခုနဲ့ချိတ်ဆက်ထားပါတယ်။

Importances of

Dark Psychology


Dark Psychology or Human Psychology ဆိုတာက လူ့လောကရဲ့နောက်ကွယ်က လူသိနည်းတဲ့ အမှောင်ဘက်ခြမ်းဖွဲ့စည်းပုံကို လေ့လာတဲ့ပညာဆိုလည်း မမှားပါဘူး ။ အချင်းချင်း manipulate ကြိုးကိုင်တာတွေ ချုပ်ကိုင်တာတွေ အသုံးချတာတွေဟာ နေ့စဉ်အမျှရှိနေတာဖြစ်ပါတယ် ။ ဒါကိုသိမှာသာ လူတော်တစ်ယောက်ဖြစ်အောင်ကြိုးစားနိုင်မှာပါ ။ မေ့မောနေတာထက်စာရင် ကြိုးကိုင်ပြဇယား Matrix System ရဲ့အကြောင်းသိရှိထားခြင်းအားဖြင့် အထက်တက်နိုင်မဲ့လမ်းကို သိရှိနိုင်မှာပဲဖြစ်ပါတယ် ။ ဒါကြောင့် Dark Psychology က အောင်မြင်မှုလမ်းစဆိုရင်လည်း မမှားနိုင်ပါဘူး ။

Our

Dark Psychological Course


Psychology Courseမှာတော့ ပထမဆုံးDark Traidနဲ့စဖွင့်ထားပြီးတော့ Psychology tricksတွေနဲ့ Business Psychologyအနည်းငယ်ကို ရေးသားပြသထားပါတယ်ခင်ဗျာ။ Dark Psychologyဟာ tiktokပေါ်မှ အတုအယောင်တွေနဲ့ကွဲပြားခြားနားနေတာကိုသိရပါလိမ့်မယ်။ တစ်ခုအတွေးပေးချင်တာကတော့ လူတွေဟာ ကောက်ကျစ်တတ်တဲ့သတ္တဝါတွေပါ အကယ်၍ ကောက်ကျစ်နေတဲ့လူကိုထပ်ပြီး ကောက်ကျစ်ဖို နည်းလမ်းတွေmanipulationတွေကို မပေးဖိုလိုပါတယ်။ ကျွန်တော်တိုDark Psychologyအကြောင်းတင်ပေးတယ်ဆိုတာ ကိုယ့်ကိုသူများကmanipulateလုပ်နေရင်ကာကွယ်နိုင်ဖိုပဲဖြစ်ပါတယ်။ Dark Psychologyဟာအသွားနှစ်ဖက်ဓားဆိုတာကိုလည်းသတိချပ်စေချင်ပါတယ်။ ဆိုတော့အားလုံးပဲ ထိန်းချုပ်ချယ်လှယ်ခံရခြင်းမှကင်းဝေးပါစေ။

1. Dark

Triads

Let's explore about how does dark personalities!

Dark Triads

(အန္တရာယ်ရှိတဲ့ အကျင့်ဆိုး၃ခု)


သုံးပွင့်ဆိုင်အကျင့်ဆိုးဆိုတာ လူတိုင်းမှာရှိနေတတ်တဲ့ ကိုယ်ကျင့်စရိုက်(၃)ခုကိုဆိုလိုတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအကျင့်စရိုက်က တစ်ချို့သူတွေမှာပိုပြီးပေါ်လွင်တတ်ပါတယ်။ဒီအကျင့်စရိုက်ဆိုးတွေဟာ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားမှာအဓိကထိန်းချုပ်သူတွေဖြစ်လာရင်တော့ မသင့်လျော်တဲ့အပြုအမူတွေအဖြစ်ဦးတည်သွားပြီး အချို့အခြေအနေတွေမှာ ရာဇဝတ်မှုကျူးလွန်တဲ့အထိဖြစ်တတ်ပါတယ်။ ဒီအကျင့်စရိုက်တွေဟာ ကြိုးကိုင်ခြယ်လှယ်သူ(manipulator)တွေရဲ့ အမှတ်တံဆိပ်ပဲဖြစ်ပါတယ်။ဒီလိုအကျင့်စရိုက်တွေဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာတော့ အလုံးစုံမသိပေမဲ့ သူတို့ကိုဘယ်လိုအသုံးချရမလဲဆိုတာကိုတော့ ကျွန်တော်တို့ကောင်းကောင်းသိသင့်ပါတယ်။ ဒီအကျင့်ဆိုးတွေထဲက တစ်ခုကလူတစ်ယောက်မှာသိသိသာသာထင်ရှားနေပြီဆိုရင် သူတို့ဟာနည်းမျိုးစုံနဲ့ ဒုက္ခပေးတတ်တာတွေ့ရမှာပါ။ဒါပေမဲ့ တစ်ချို့သူတွေကတော့ ဖန်တီးနိုင်စွမ်း(creativity)ကောင်းပြီး အားအင်အပြည့်ရှိတတ်ပါတယ်။ဒါ့အပြင် ရာထူးနေရာမြင့်မားတဲ့နေရာမှာရှိပြီး သူ့တို့ပတ်ဝန်းကျင်က ကမ္ဘာကြီးအကြောင်းကောင်းကောင်းနားလည်ကြပါတယ်။ဒါကြောင့် သူတို့ရဲ့ရည်ရွယ်ချက်နဲ့ အစီအစဥ်တွေကိုအကောင်အထည်ဖော်နိုင်ကြသူတွေဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာတော့ သူတို့လိုချင်တာရဖို့အတွက် ဘယ်လို့အရာမျိုးကမှရပ်တန့်လို့မရတဲ့လူတွေရှိကြပါတယ်။တစ်ခြားအချိန်တွေမှာတော့သူတို့ကို တခြားသူတွေရဲ့စိတ်ခံစားချက်တွေကိုလုံးဝဂရုမစိုက်သူတွေအဖြစ်မြင်ကြပါတယ်။တခါတလေမှာသူတို့နဲ့ရင်ဆိုင်ဖို့ကြိုးစားတာထက်ဝေးဝေးကနေလိုက်တာပိုကောင်းပါတယ်။ဒီအကျင့်စရိုက်သုံးမျိုးစလုံးရှိတဲ့သူတွေနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ကြိုးစားရင်တော့ သူတို့ထက်ခြေလှမ်းများစွာသာနေဖို့လိုပါလိမ့်မယ်။ဒီအကျင့်ဆိုးသုံးခုကို အသေးစိတ်ဖော်ပြပါမယ်။

  • Narcissism ( အတ္တပဓာဝါဒ )
  • Machiavillinism ( ရလဒ်ပဓာနဝါဒ )
  • Psychopathy ( စိတ်ခံစားချက်ကင်းမဲ့ခြင်း )

2.

Manipulation

Let's explore about the art of Manipulation!!!

Mind

Control


လူတစ်ယောက်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်ခြင်း ဟာ အဲ့လူတစ်ယောက်ရဲ့ ခံစားချက် ၊ အတွေးအခေါ် တွေ ကအစ အဲ့လူရဲ့ လုပ်ရပ်တွေကို ထိန်းချုပ်နိုင် ပါတယ်။ ဒါပေ့မယ့် Mind Control ကိုလေ့လာတဲ့နေရာ မှာ ကျွန်တော်တို့က Human Psychology ကို အရင်လေ့လာသင့်ပြီးတော့ ကိုယ်အနေနဲ့ ကိုယ်ရဲ့ ဦးနှောက် နဲ့ ကိုယ်ကို ဘယ်လို ထိန်းချုပ်နိုင်လဲ ဆိုတာက လေ့လာဖို့လိုပါတယ်။ ပြောရရင် Personal Development နဲ့ Self Improvement တွေက အတော်ကို‌အရေးကြီးပါတယ် ၊ ဒီအရာတွေ ရှိမှသာ ကိုယ်က ကိုယ်ရဲ့ Personality နဲ့ စိတ်ကို ပိုနားလည်မှာဖြစ်ပါတယ်။ Mind Control ကို ယေဘုလျ အားဖြင့် 5 မျိုးခွဲထားပါတယ်။

  • Manipulation
  • Brainwashing
  • Hypnosis
  • Persuasion
  • Deception

Manipulation

( လွှမ်းမိုးခြယ်လှယ်ခြင်း )


လူငယ်တွေဘာကြောင့်ခြယ်လှယ်ခံနေရတာလဲ? Mind Control ရဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ Manipulation ..... Manipulation ဆိုတာက ( လွှမ်းမိုးခြယ်လှယ်ခြင်း) ဖြစ်ပါတယ်။ ဒါမဲ့ အဓိကကတော့ လူငယ်တွေ ဘာကြောင့် Manipulate လုပ်ခံရတာလဲဆိုတာနဲ့ ပက်သက်ပြီးဝောာ့ နည်းနည်းအမြင်လေး ဖော်ပြပေးသွားပါ့မယ်။ နောက်ပြီး Manipulation လုပ်တာ လွယ်တယ်ထင်နေတဲ့လူတွေ အတွက် တကယ်လက်တွေ့မှာ လွယ်လား? မလွယ်လား ? Anime ထဲကလို လွယ်တယ်ထင်နေတဲ့လူတွေ အတွက် စာရှိမယ်....

꧁ 𝗪𝗵𝗮𝘁 𝗶𝘀 𝗠𝗮𝗻𝗶𝗽𝘂𝗹𝗮𝘁𝗶𝗼𝗻 ꧂

Manipulation ဆိုတာက လွှမ်းမိုးခြယ်လှယ်တာကိုပြောတာပါ ။ အဓိကက တော့ ကိုယ်ကျိုးအတွက် အဓိက အသုံးပြုတဲ့ အရာလို့ပြောရင် ပိုမှန်မယ်.... ဒီ Manipulation တွေကို အသုံးပြုတဲ့ လူတွေကို Manipulator ( လွှမ်းမိုးချယ်လှယ်သူတွေ ) လို့ ခေါ်ပေ့မယ့် ဒီခေတ်ကြီးရဲ့ အနေအထား ၊ မြန်မာ နိုင်ငံအနေအထား က ကြည့်မယ်ဆိုရင် လူတိုင်းက Manipulator တွေအများကြီးပါ....... Manipulation အလုပ်လုပ်ပုံက ရှင်းတယ် တစ်ဖက်လူကို စကားလုံး တွေအမှုအရာ တွေ ( Non Verbal and Verbal Skill ) အစရှိသဖြင့် နည်းတွေသုံးပြီး လွှမ်းမိုးခြယ်လှယ် တာ ၊ အကျပ်ကိုင်တာ ၊ ဩဇာ လွှမ်းလိုက်တာ ၊ ထိန်းချုပ်တာ ကို ခေါ်တာဖြစ်ပါတယ်။ ဒီ Manipulation ကိုမှ ခွဲလိုက်ရင် Tatic တွေက အများကြီးဘဲ tt မှာ ခေတ်စားနေတာအများစုက ဒါတွေဖြစ်တယ်။ Manipulation မှာ Emotional Manipulation ၊ Mind Manipulation ၊ အပြင် အများကြီးရှိသေးတယ် နောက်ပြီး Social Manipulation , Social Influence ဆိုပြီးလဲရှိသေးတယ် ဆက်ပြောရင်လဲ နိုင်ငံရေး နဲ့ ဘာသာရေး ဘက် ရောက်သွားနိုင်တာမို့မပြောတော့ပါဘူး။ ဒါပေမဲ့ သတိထားမိသလားတော့ မသိဘူး ... Manipulator တွေများတယ်ဆို သားကောင်တွေ အလှည်စားခံနေရတဲ့ လူတွေကော ဘယ်လောက်များလိုက်မလဲ ? အဓိကက မြန်မာနိုင်ငံကို တစ်ချက်ပြန်ကြည့်မယ်ဆိုရင်

  • လမ်းပျောက်ပြီး ရည်မှန်းချက် ၊ မျှော့်လင့်ချက် တွေ ပျောက်ကွယ်လာတဲ့လူတွေ.....
  • ကိုယ်ရဲ့အချိန်အတော်အများကို Porn ကားတွေ ၊ Games ‌တွေ ၊ အသက်နဲ့မလိုက် ကောင်လေးတွေ ကောင်မလေးတွေကို လိုက် Play ၊ အရသာခံနေတဲ့လူ တွေ ....

အဓိကက ဒီအရာတွေကို မလုပ်ရ‌ဘူးလို့မပြောဘူးနော် ၊ လူသားတစ်ယောက်အနေနဲ့ မွေးကတည်းက ကိုင်ပိုင်လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာက မှန်ပေ့မယ့် မြန်မာက လူတွေက တစ်ခုခုလုပ်ရင် အစွန်းရောက်တယ်.... ဒဲ့ ပြောရရင် Social Media တွေ ၊ နိုင်ငံကြီးက ကို ဒီလိုပုံစံဖြစ်အောင် တမင် Manipulate လုပ်ထားတာလို့ပြောရင် မမှားဘူးဆိုတော့ ကိုယ်ကို သိပြီးတော့ နားလည်ပြီး Control လုပ်နိုင်ဖို့ Personal Development ‌တွေ ၊ Self improvement တွေကို ကိုယ်ပိုင်အသိစိတ်နဲ့လေ့လာဖို့လိုတယ်။ ဆိုတော့ Manipulation လုပ်ခံရတဲ့လူတွေက များလာသလို ၊ ခေတ်ပျက်ကြီးမှာ တစ်ကိုယ်ကောင်းဆန်ဆန် ဖိနှိပ်လာတဲ့ Manipulator တော်တော်ဆိုးဆိုးကောင်းတွေက အုပ်စိုးလာပါတယ်။ Knowledge is power ........... ဆိုတဲ့စကားက မှန်တယ် လို့ပြောရမယ်... စာအုပ်ဖတ်တဲ့လူတွေက စာအုပ်မဖတ်တဲ့လူတွေ ၊ အသိပညာတွေ နည်း‌တဲ့လူတွေကို ပြန် Control လုပ်လာကြတာ မဆန်းပါဘူး.... စာအုပ်ကဘာလို့ဖတ်မှာလဲ? လိုင်းပေါ်မှာ Video တွေရှိတာဘဲကို လို့ပြောနေတဲ့လူငယ်တွေလဲ ရှိပါတယ်။ ဒါပေ့မဲ့ ကိုယ်ရဲ့ Newfeed မှာ တကယ်ဘဲ ဗဟုသုတရမယ့်အရာတွေ တက်တာသေချာလို့လား? တက်ရင်လဲ ဖတ်ပါ့မလား၊ကြည့်ပါ့မလား ? ဘာလို့ဆို စာဖတ်လေ့ဖတ်ထ မရှိတဲ့လူက စာရှည်ရင်ကို ပျင်းနေကြပြီး ........ ‌ဆိုတော့ အဲလိုလူတွေက Manipulate လုပ်ခံရဖို့များပြီးတော့ လုပ်ခံရရင် တောင် သူတို့ကို ဘာလုပ်သွားလဲမသိကြပါဘူး ၊ လုပ်ရလဲ လွယ်သလို ၊ ဘ၀ဖျက်ရလဲလွယ်တယ်။ အဆိုးဆုံးအချက်ကတော့ Manipulator က ပေးလိုက်တဲ့ တစ်လွဲ အယူအဆတွေ ၊ အယူမှားတွေ၀င်ပြီး ကိုယ်ကို ယုံကြည်မှု ၊ ဖြစ်တည်မှု စပျောက်လာပါ့‌လေ့မယ်။ ဒီလိုအခြေအနေမှာ ကိုယ်ကို Lost ဖြစ်တဲ့ Feeling ကြီးတွေ၀င်လာမယ်..... Negative Thinking တွေအပြည့်နဲ့ အမှားတွေ တစ်ခုပြီး တစ်ခုလုပ်မယ်.. ပြီးရင် ကိုယ်ရဲ့ Mental Heath အခြေအနေက ဆိုးဝါးလာပြီး လောကကြီးကို စိတ်ကုန်လာပြီး ကိုယ်ရွေးချယ်မယ့်လမ်းက Suicide ဖြစ်သွားပါ့လေ့မယ်........ ဆိုတော့ Manipulator တွေ စလိုက်တဲ့ အဆိပ်က ဘယ်လောက်ပြင်းလဲ နားလည် မှာပါ....... နားမလည်လဲ ကိုယ်ဖြစ်ကိုယ်ခံပါဘဲ..... ဒါမဲ့လူတိုင်းက အဲ့လို အဆိပ်မျိုးမပေးနိုင်ပေ့မယ့် ကိုယ်က အစကတည်းက အပြာကားစွဲလမ်းနေတဲ့လူ ၊ ကြေကွဲလူငယ် တစ်ယောက် ၊ Game တွေ ကို အလွံအကျွံဆော့နေမယ်ဆိုရင် တော့ Manipulator အတုတွေတောင် ကိုယ်ဘ၀ကို ဖျက်ဆီးဖို့လွယ်ပါတယ်......

{ လူတိုင်းကို Manipulator လို့ မထင်ပါနဲ့ }

ဆိုလိုချင်တာကတော့ Relationship တစ်ခုမှာ လူလည်ကျနိုင်ရုံလေး ၊ Play တာ တော် နေရုံလေး ၊ လူတွေကို ကောင်းကောင်းလေး အာဏာပြ လိမ်လည် တတ်ရုံနဲ့ Manipulator ဆိုတဲ့ ခေါင်းစဉ်ကို တတ်လို့မရပါဘူး...သာမန် သူတို့ကို Manipulator လို့သုံးကြပါတယ်...... ဒါမဲ့ ကျွန်တော်တော့မသုံးပါဖူး.... နည်းစနစ်မရှိဘဲနဲ့ လုပ်နေတဲ့ လူတွေလို့ဘဲမြင်ပါတယ်... Manipulator အတုလေးတွေ‌လို့ ကျွန်တော် ခေါ်ပါတယ်။ အယောင်ဆောင်လေးတွေပေါ့.... ဒါပေ့မယ့် ဘာလို့ ခေါင်းစဉ်တက်လို့မရတာလဲဆိုတော့ ကျွန်တော်ကော ၊ ခင်ဗျားကော က ကျွန်တော်တို့ က တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။ လူတွေက သူများကိုထက် ကိုယ်ကို ပိုချစ်တတ်ကြပါတယ်...... ဆိုတော့ တစ်ကိုယ်ကောင်းစိတ်တွေက လူတိုင်းမှာ အနည်းအမျာကိုယ်စီရှိပြီး ကမ္ဘာတစ်ဝှမ်းမှာ အတော်အများက လူအချင်းချင်း manipulate လုပ်နေကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လုပ်နေလို့ တောင် လုပ်နေတယ်လို့မသိဘူး.. ဆိုတော့ နည်းစနစ်မကျဘူးလို့ပြောရပါ့လေ့မယ်။ ဘာလို့ဆို Manipulator တိုင်းမှာ ရှိသင့်တဲ့ ကျွမ်းကျင်မှုတွေ၊ နည်းပညာတွေ ၊အတွေ့အကြုံတွေ ၊ နည်းလမ်းတွေ ၊ စတာတွေကို သေချာ လေ့လာပြီး အကွက်ကျကျ ဆောင်ရွယ်တဲ့လူတွေကိုမှ Manipulator စစ်စစ်တွေလို့ခေါ်ပါတယ်။ နောက်ပြီးတော့ Manipulation လုပ်တဲ့နေရာမှာ လူတစ်ယောက်ကို လုပ်ရတာကလွယ်တယ် လို့ထင်ရပေ့မယ် ကိုယ်လုပ်တဲ့လူရဲ့ အတွေ့အကြုံ အလိုက် ကိုယ်ကြိုးကိုင်နေတဲ့ ကိစ္စက တစ်ဖြေးဖြေးကြီးလာတဲ့ အခါ ကြိုးကိုင်နေတဲ့ကြိုးတွေက ပြတ်သွားပါတယ်။ ဆိုတဲ့အခါ ကြိုးကိုင်ခံရတဲ့ လူအနေနဲ့ ကြိုးကိုင်ခြယ်လှယ်နေမှန်းအလွယ်တကူသိနိုင်ပါတယ်။ ဆိုတော့ Manipulation လုပ်တာက လူတစ်ယောက်ကိုကြိုးကိုင်ခြယ်လှယ်ရတာလွယ်သလောက် နယ်ပယ်တွေ ၊ ကိစ္စကြီးတစ်ခုလုံးကို ကြိုးကိုင်ရတာပိုခက်ပါတယ်။ ဆိုတော့ Manipulation လုပ်ရတာက ထင်သလောက် လုံး၀ လူတစ်ယောက်ကို Perfect Manipulate လုပ်ဖို့ဆိုတာက ထင်သလောက်မလွယ်ပါဘူး ၊ စာအုပ်ကြီးထဲကဟာတေထဲကအတိုင်းလုပ်နေလို့ မရပါဘူး အတွေ့အကြုံ‌ကစကားပြောပါတယ်။ သင်က ဒီလောက်ထိဖတ်ပြီးပြီး ဆိုရင် မြန်မာနိုင်ငံမှာ Manipulation လုပ်ခံရတဲ့လူ တွေ က ဘယ်လောက်များမလဲဆိုတာ ခံစားမိမှာပါ....

3.

Relationship Manipulation

Let's explore about Manipulating in Relationship!!!

Relationship


ဒီတစ်ခါမှာတော့ Relationship တွေမှာ သုံးဖို့ကြမ်းတမ်းတဲ့ နည်းတစ်ခုကို မျှဝေပေးပါ့မယ် ဒါက ကိုယ် က လူတစ်ယောက်ဆီက တစ်ခုခုလိုချင်လို့ သွားကြိုက်တာကနေကအစ .. ကိုယ်မလိုတော့တဲ့အချိန်စွန့်ပစ်ရလဲ လွယ်တဲ့နည်းလေးပါ...

Love bombing + Mirroring + Ghosting

ဒီ နည်းစနစ်ကိုသုံးမယ်ဆို ကိုယ်က အနည်းဆုံးတော့ ကျောင်းသား တစ်ယောက်အနေနဲ့ ဆိုရင်တော့ သုံးဖို့ အဆင်မပြေတာမို့ 18 နှစ်အထက် ကိုယ်ဘာသာငွေရှာနိုင်တဲ့လူတွေအတွက်ဆိုရင်တော့ အဆင်ပြေပါတယ်။

ဘာတွေလိုအပ်မလဲဆိုရင်ဝောာ့ ယောင်္ကျားလေးတစ်ယောက်မှာရှိသင့်တဲ့အရည်အချင်း ၊ စွဲဆောင်မှု ၊ ငွေကြေး ဒီထဲကတစ်ခုခုရှိဖို့တော့လိုမယ် ... ကိုယ်အနေနဲ့ Plan အရင်ချပါ.. ကိုယ်က တကယ်ချစ်တာလား? ပိုင်ဆိုင်ချင်တာလား ? ဒါမှမဟုတ် သူဆီက သတင်းအချက်အလက်တွေ ယူချင်တာလား? ရည်ရွယ်ချက်လဲရှိပြီဆိုစလိုက်ရအောင်...

ပထမဦးဆုံး Mirroring ကို သုံးပြီး ချည်းကပ်ပြီးတော့ ကိုယ်ရဲ့ Crush ရဲ့သဘောကျမှုကိုယူပါ ပြီးရင် သူကကိုယ်အပေါ် ဘယ်လို သဘောကျလဲဆိုတာကို သိချင်ရင်.. အပြင်မှာတွေ့တဲ့အခါ သူအနီးအနားကပ်သွားကြည့်ပါ ... သူနဲ့ကိုယ်နဲ့က ခြေလှမ်း 3 လှမ်းစာလောက်နေရာ လောက်မှာ စကားစမြည်းပြောကြည့်ပါ ပြီးရင် တိုးတိုးလေးပြောစရာရှိဟန် လုပ်၍ ခြေတစ်လှမ်းတိုး လိုက်ပါ ... ကောင်မလေးက နောက်ခြေလှမ်းဆုတ်သွားရင်တော့ မပြောပါနဲ့တော့ မဆုတ်ရင်တော့ သူကို နားနားကို ကပ်ပြီး တိုးတိုးလေး တစ်စုံတစ်ရာသွားပြောပေးပါ... ပြောတဲ့စကားဟာလဲ ကောင်မလေးအတွက်ရင်ခုန်စရာ ကိစ္စမျိုး နဲ့ စဉ်းစားစရာစကားမျိုးဖြစ်ရင်ပိုကောင်းပါတယ်။ ပြီးရင် နောက် 1 အပတ်အတွင်းရည်းစားစကားပြောလို့ရပါပြီ ... ဒါဆိုရင်တော့ လက်ခံဖို့ရာခိုင်းနှုန်းများပါတယ်။ ဒါပေ့မဲ့ အပေါ်က အဆင့်မှာ ကောင်မလေးက နောက်ရှေ့လှမ်းတစ်လှမ်းနောက်ဆုတ်ရင် ကိုယ်မှာပြဿနာ တစ်ချို့ ရှိပါတယ် ... ( ကိုယ်အကြောင်းတစ်ခုခုသိနေတာ ၊ သံသယဖြစ်ဖွယ်တစ်ခုခု ရှိတာ ) ဖြစ်နိုင်ပါတယ် ။ ဒီလိုအခြေအနေမျိုးရင်ဆိုင်ရရင် ယုံကြည်မှုရအောင် သူနဲ့ရင်နှီးမှုပိုရအောင်ကြိုးစားဖို့အကြံပေးပါရစေ။

အကယ်လို့ ရည်းစားတွေဖြစ်သွားပြီဆိုရင် ကိုယ်အနေနဲ့ ကိုယ်ရဲ့ရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော်ပါ ။ အဲ့လို ဖော်နေတုန်း သူဆီက ယုံကြည်မှု ရအောင် ... Love bombing ကိုသုံးနေပါ။ ပြီးရင် Relationship ကို အဆုံးသတ်ချင်ပြီဆိုရင်တော့ Ghosting လုပ်လိုက်လို့ရပါတယ်။ အကြောင်ပြချက်သေချာ မပေးဘဲ နဲ့ Ghost လို့ရပါတယ်။ ဒါပေမယ့် ဒီtacticsကို သုံးတဲ့အခါ Relationship တွေမှာအချိန်အကြာကြီးမတွဲပါနဲ့... ဒါကျွန်တော်ကလူတွေကို သတိပေးတာပါ... ဒါကတစ်ဖက်လူကို သေတဲ့ အထိ ဖြစ်နိုင်ပါတယ်။ စိတ်ဒဏ်ရာလဲအတော် ရပါလေ့မယ်။ ကျွန်တော်ရှင်းပြပါ့မယ် ခင်ဗျားတို့က ကိုယ် ချစ်သူကို လိုက်တဲ့အချိန်မှာတောင် သေချာစနစ်တကျနဲ့ လိုက်တာ ဖြစ်ပြီး တစ်ဖက်လူက ကိုယ်ကို Right person နည်းပါးမြင်အောင် လုပ်ပြီး သူကြိုက်တဲ့ လူရဲ့ သွင်ပြင်မျိုးနေထိုင်ခဲ့တာပါ.. ဒါအပြင် Love booming ( အချစ်မိုင်း ) ပါထောင်ခဲ့ပါသေးတယ် ... အချစ်မိုင်းက အချိန်ကိုက်ဗုံးလိုပါဘဲ... Love bombing က ကိုယ် Ghosting လုပ်လိုက်တဲ့အချိန် ကျမှ ထပေါက်တာမျိုးပါ.. ပြောရရင် တွဲတုန်းကလဲ ကိုယ်ကို ပြည့်စုံအောင်ထားပေးပြီးတော့ လုံး၀အဆက်အသွယ်ဖြတ် ...ပျောက်သွားပြီး လမ်းမှာမတော်တဆ တွေ့ခဲ့ရင် သူစိမ်းလို ဆက်ဆံ ခံရတာတွေ ... လူမှားသလို ဆက်ဆံခံရတာကြီးက ခံရတဲ့လူမို့ ဒါက လက်မခံနိုင်တဲ့ဖြစ်ရပ်ကြီး ဖြစ်သွားသလိုကိုခံစားရမှာပါ... ဆိုတော့ ဒီနည်းကို ကာကွယ်ဖို့ နည်းက နှစ်နည်းရှိပါတယ်။ မဖြစ်ခင်ကြိုတင်ကာကွယ်နည်းနဲ့ ဖြစ်ပြီးမှ Recovery ယူနည်းပါ။